Saturday, 20 August 2011

ပါမောက္ခဒေါက်တာအေးကျော်၏ မိတ်ဆက်


“သမိုင်းကိုမသိရေလူတယောက်ရေ မိမဟိ ဖမဟိဘဲ လမ်းဘေးမှာ စွန့်ပစ်ခံထားရရေ လူနန့်တူရေ။
မွီးမိမွီးဖကိုမသိရေ လူတယောက်အနိန်နန့်လေး ဇာသူ့ကို ချစ်ရကောင်းမှန်းမသိနိုင်ပါ။ ယင်းနေးတူ မိမိလူမျိုးသမိုင်းကို မသိရေလူတယောက်လေး မိမိလူမျိုးကို ချိက်ရကောင်းမှန်းမသိနိုင်ပါ” ၊ အေကား ကမ္ဘာကျော်စာရွီးဆရာကြီး တော်စတွိုင်က ကမ္ဘာမျိုးဆက်သစ်လူငေတိအတွက်ထားခရေသြဝါဒစကားဖြိုက်ပါရေ။

မြန်မာသမိုင်းပညာရှင် ဆရာကြိး ပါမောက္ခဒေါက်တာသန်းထွန်းကို သူ့တပည်များက “သမိုင်းကိုဇာကြောင့်သင်ရစွာပါလေးလို့” မီးရေခါ ဆရာကြိးက “သမိုင်းကိုသင်စွာရေ “လူအ” တိမဖြစ်ရအောင်” လို့ ပြန်ဖြေပါရေ၊ အေပုဂ္ဂိုလ်ကြီးနှစ်ဦး၏၊ သြဝါဒကားအလွန်မှန်ကန်ပါရေ၊ အကျွန်ရို့မြန်မာနိုင်ငံမှာကား ပြည်တောင်စု မြန်မာနိုင်ငံသမိုင်းလို့ နှာမေတတ်ထားကေလေ့ အနှစ်သာရအားဖြင့် ဗမာသမိုင်းရာဖြိုက်ပါရေ၊ ပြည်ထောင်စုမြန်မာနိုင်ငံသမိုင်းကားမဟုတ်၊ အေကားအလွန် အန်မဝင်ဂွင်မကျ နှာမေခံပြည်ထောင်စုသမိုင်းဖြိုက်နိန်ပါရေ။ 

အေသမိုင်းမှာ အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရားရို့ ကြီးကျယ် မှုကိုရာ ဗဟိုထားပနာ ရွီးသားစီမံထားစွာဖြင့်လို့ ရခိုင်သမိုင်းမှာ ထင်ရှားရေ မင်းဗာကြီး၊ မင်းရာဇာကြီး၊ သီရီသုဓမ္မရာဇာ၊ စရေ ရခိုင်ဘုရင်ရို့အကြောင်းတခုလေးမပါ။ ရခိုင်သမိုင်းကို ရခိုင်ရို့သင်ခွင့်မရစွာလေး ရခိုင်ရို့ကို “အ” အောင်လုပ်ထားရေ စီမံကိန်းရာဖြစ်ပါရေ။ 

ရခိုင်ရို့အား ရခိုင်စာပီကို သင်ခွင့်မရစွာလေး ရခိုင်ရို့ “လူအ” တိဖြစ်အောင်လို့ စီမံထားစွာဖြိုက်တေ။
အေပိုင်ကျတ်တေးကျိဉ်းမြောင်းအောင် စီမံထားရေအထေးက နရွေးစူးပိုင် ထူးချွန်ပေါက်မြောက်လာရေ ရခိုင်သားရို့ကား အများပြားပင်ဖြိုက်ပါရေ၊ ရခိုင်ရို့အကျိုးကို ထိန်းသိမ်းစောင့်သျှောက်၊ ကာကွယ်တတ်ရဖို့ဆိုရေ အ သိစိတ်ဓါတ် ရခိုင်သူရခိုင်သားတိုင်းမှာ တာဝန်ကိုယ်စိဟိကတ်ရဖို့ဖြိုက်တေး လူတိုင်းရေ မိမိရို့၏ အဖိုးအဖီးကို ကျေးဇူးဆပ်တေအနီနန့် မိမိတိုင်းပြည်၏ အကျိုးပြုလုပ်ငန်းကို ဆောင်ရွက်ကတ်ရဖို့ဖြစ်တေ။

အထူးသဖြင့် ရခိုင်ရို့မှာ အမွီကောင်းတခုစီ ယှန်ထားခသင့်ပါရေ။ 
အေယူဆချက်နန့်အတူ ဆရာဇော်ဂျီ၏ ကဗျာကို အခြီခံလို့ ကနေဒါနိုင်ငံရောက် ကိုရဲထွဋ်စိုး၏ ဘလောက်ထဲက ကဗျာဆရာ (Rကန်)၏ ကဗျာကို ထုတ်နုတ်ဖေါ်ပြလိုက်ပါရေ။

အသိနန့်တန်ဖိုး
သင်သေသွားသော်
သင်ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏
သင်၏မျိုးသား၊ စာစကားလည်း
ကြီးပွါးတက်မြင့်၊ ကျန်ကောင်းသင့်၏ ….။

ဆရာဇော်ဂျီ၊ စာလုံးစီဗျယ်
ကိုယ့်မြီအကျိုး၊ ရွက်သယ်ပိုးဖို့
ဆော်နှိုးတိုက်တွန်းခစွာယေ ….။

ကိုင် …….
ရခိုင်မြီဖွါး၊ ရခိုင်သားရို့
သင်ဖွားရေမြီ၊ တိုးတက်စီဖို့
သင့်ရို့ဇာတိ၊ လုပ်လို့ဟိလေး
သတိထားကြည့်ကတ်ယင့်လား
လုပ်ဖို့ အသိဟိယင့်လား…….။
ကိုယ့်မြီအကျိုး၊ မသယ်ပိုးကေ
လမ်းရိုးတလျှောက်၊ ကျောက်ခဲလောက်ပင်
အသင်တန်ဖိုး၊ ဟိဖို့မဟုတ်…….။

အထက်ပါအတိုင်း ထုတ်ဖေါ်ပြခပါရေ၊ ဒေကဗျာကို ရခိုင်မျိုးဆက်သစ်လူငေသျှေတိ နုတ်တိုက်အာဂုံ ဆောင်ထားပနာ၊ မိုးထောက်စောစောအိပ်ရာကထတိုင်း ဒေကဗျာကို ရွတ်ဆိုသင့်ပါရေ။ 
ယင်းပိုင်ရွတ်ဆိုသင့်ပါရေ။
ယင်းပိုင်ရွတ်ဆိုနိုင်ကေ ငါရို့ရခိုင်ပြည်ကား အလိုလို ပေါ်ပေါက်လာပါဖို့ဖြိုက်တေ၊ ကြီးပွါးချမ်းသာလာဖို့ဖြိုက်ပါရေ။
ဝက်သက်ချအပင်ကြီးရေ နှစ်ပေါင်းအင်ဒန်ကြာ ရပ်တည်နိုင်ကေလေ့ သူ့အပင်အခေါက်အရွက်ရို့ကမွှီးကြိုင်ရေ အနံ့ကိုမထွက်။
စံတကူးနံသာပင်ကား ဝက်သက်ချအပင်ပိုင် အသက်မရှည်ကေလေး အခေါက်က၎င်း၊ အရွက်က၎င်း၊ ထာဝစိုဉ်မွှီးကြိုင်လျက်ဟိပါရေ။ 

အေစာအုပ်ရွီးသားခရေ အကိုစံကျော်ထွန်းကားဝက်သက်ချအပင် အသက်မရှည်ခကေလေး စံတကူးနံ့သာပင်ပိုင် တိုတောင်းရေ ဘဝတာမှာ မွှီးကြိုင်ခပါရေ။ 
အေဂုထက်တိုင်လေး မွှီးကြိုင်လျှက်ပင်ဟိနိပါသိ့ရေ။ 
လူတဦးတယောက်၏ သတင်းချင်းလေးဖြိုက်၊ စာပီသမားလေးဖြိုက်၊ သမိုင်းသုတေသီပညာရှင်လည်းဖြိုက်တေအတွက်နန့် အကျွန်နန့် အကိုစံကျော်ထွန်းရေ တသက်လုံးရင်းနှီးကျွမ်းဝင်ကတ်သူဟိ ဖြိုက်ကတ်ပါရေ။

အကျွန်ရေ ၁၉၅၅ - ခုနှစ်မှာ ကျောက်ဖြူ ဥပဇာကောလိပ်သို့ ရောက်ဟိနိပြီးဖြိုက်ပါရေ၊ အကျွန်နန့် ညဇာတမင်းစားပြီးတိုင်း စာလေးကျက် လမ်းလေးသျှောက်ရင်း သဘောနန့် ကျောက်ဖြူ ကောလိပ်နားမှာဟိရေ လေယဉ်ပျံကွင်းနားကို လမ်းသျှောက်ရင်း စာကျက်ကတ်စွာရေ အဂုယိအမှတ်ရနိသိ့ပါရေ၊ (ပါမောက္ခဒေါက်တာအေးကျော်၏ ဘဝတွိအကြုံများ အမှတ်(၁) စာမျက်နှာ ၅ -မှာဝတ်ရှုနိုင်ပါရေ။)

အကိုစံကျော်ထွန်းရေ ဥာဏ်တော်ကောင်းရေလူတယောက်ဖြိုက်ပါရေ။ ကဗျာလေးစပ်တေ၊ သူ့ကလောင်နှာမေမှာ သျှင်စောမွန်ဖြိုက်ပါရေ၊ စာကိုနုတ်တိုက်အာဂုံလောက်ရပါရေ။
အေကား အကိုစံကျော်ထွန်း၏ ဆရာရင်းဖြစ်တေ ဆရာကြီး ဦးဦးသာထွန်း၏ အမွီဆက်ဖြစ်တေလို့ အကျွန်ထင်ပါရေ။ 

အကိုစံကျော်ထွန်းကား ဆရာကြီး၏ လမ်းစိုဉ်ကိုလိုက်ပါရေ။
အကိုစံကျော်ထွန်းကား အရပ်မတိုမရှည် အသားဖြူဖြူ လူအလှပလှဖြိုက်ပါရေ၊ ရခိုင်ဒယောကိုဝတ်ပနာ အကျွန်ရို့ အကြိမ်ပေါင်းများစွာ လမ်းလျှောက်ခကတ်စွာကို အမြဲတမ်းသတိရနိမိရေ၊ ကျောက်ဖြူကော်လိပ်မှာ ဓမ္မာရုံလည်းပါရေ။ 

ယင်းဓမ္မာရုံကိုလားပနာ ဘုရားရှိခိုးကတ်စွာကိုလေး အကျွန်အမှတ်ရနိမိပါသိမ့်ရေ၊ အကိုစံကျော်ထွန်းရေ အသက်ရှင်လျက် မဟိယာဖြိုက်ကေလေး မဉ္ဖူသကနတ်ပန်းကဲ့သို့ သတင်းမွှီကြိုင်လျှက်ပင် ဟိနိပါသိ့ရေ၊ ကျောက်ဖြူကောလိပ်က ဥပဇာတမ်း အောင်မြင်ပြီးရေ အခါ ရန်ကုန်တက္ကသို့ကိုလားရောက်ပနာ ပညာဆက်လက်သင်ကြားကတ်ပါရေ။

အကိုစံကျော်ထွန်းကို ရန်ကုန်တက္ကသိုလ်ကိုလားရောက်ပနာ ပညာဆက်လက်သင်ကြားကတ်ပါရေ။ 
အကိုစံကျော်ထွန်းကို ရန်ကုန်တက္ကသိုလ်မှာ အကျွန်တွိပါရေ။
စာသမားချင်းဖြိုက်ကတ်လို့ အမြဲတမ်း အဆက်အသွယ်ဟိကတ်ပါရေ။ 

ရခိုင်ပြည်အတွက် “ဇာလုပ်ကတ်ဖို့လေး” ဆိုရေ မိန်းခွန်းကိုလေး မီးလေ့မီးထဟိပါရေ။
ထိုကာလမှာ တက္ကသိုလ်ဘာသာပြန်ဌာနမှ ဆရာဦးတင်လှက “ရခိုင်မှာ စာမဟိ” ဆိုရေဆောင်းပါးတဒုပ်ကို ရွီးလာပါရေ။ 
အကိုစံကျော်ထွန်းနန့် အကျွန်က ရခိုင်မှာစာဟိကြောင်းကို ရန်ကုန်တက္ကသိုလ် ရခိုင်တန်ဆောင်မဂ္ဂဇင်းမှာ ရခိုင်စာပီကဏ္ဍတခုဖွင့်လို့ ဆရာဦးတင်လှ၏ ဆောင်းပါးကိုတော်လှန်ပနာ ရခိုင်စာပီသမိုင်းသစ်တခုကို တည်ထောင်ဖွင့်လှစ်ခကတ်ပါရေ။

အကိုစံကျော်ထွန်းကား မဂ္ဂဇင်အယ်ဒီတာအဖြိုက် တာဝန်ယူပနာ အကျွန်က ရခိုင်စာပီကဏ္ဍကို တာဝန်ယူရပါရေ။
အကျွန်းအား ရခိုင်စာပီကို ကျောက်မြောင်း မင်္ဂလာသုခကျောင်းတိုက်ဆရာတော်ကြီး ဦးကေသရက သင်ပီးပါရေ။
ဆရာတော်ကြီးကား မာန်အောင်ဇာတိဖြိုက်ပါရေ။

ဆရာတော်ကြီးက “ကရွီး ကာရရေ၊ ရီးချ ကာရရေ၊ သျှောက်ငင် ကုရရေ၊ နှစ်သျှောင်ငင် ကုရရေ၊ လုံးတင်ကီရရေ” စာရေ ရခိုင်သင်ရိုးဖတ်စာကို နုတ်တိုက်သင်ပီးပါရေ၊ ရခိုင်စာကဏ္ဍကို ၁၉၅၈ - ခုနှစ်ထုတ် ရခိုင်တန်ဆောင် မဂ္ဂဇင်းမှာ တွိနိုင်ပါရေ။ ဘလောက်တိလုပ်ပနာ လက်ရွီးမှုနန့် ရွီးသားထားရေ ရခိုင်စာမှုဖြိုက်ပါရေ။
အကျွန်၏ လက်ရွီးဖြိုက်ပါရေ။ 

ယင်းအချိန်ကစပနာ ရန်ကုန်တက္ကသိုလ်နိမြီမှာ ရခိုင်ကျောင်းသူ ကျောင်းသားတိ ပွဲလန်းသဘင်လုပ်တိုင်း ရခိုင်စာပီနန့် ဆိုင်းဘုတ်ကိုရွီးရေ အလေ့အကျင့်ဖြိုက်လာကတ်ပါရေ၊
အကိုစံကျော်ထွန်းရေ တက္ကသိုလ်မှာ သမိုင်းနှင့်မြန်မာစာပီကို အဓိကထားလို့ယူပါရေ။ အကျွန်နန့် ဘာသာချင်းတူရေ။

ဝိဇ္ဇာဘွဲ့ရပြီးကေ မဟာဝိဇ္ဇာဘွဲ့ကိုဆက်လက်သင်ကြားရေအခါမှာ နိုင်ငံရေးအတွေးအခေါ် (Political Thought) နိုင်ငံရေးပါတိရို့ဖွဲ့စည်းမှု (Political Organization) နိုင်ငံတကာ ဆက်ဆံရေးနန့်အရှေ့အနောက် သမိုင်းဘာသာရပ်ရို့ကို သင်ရပါသည်။ 
ထိုအချိန်အခါက မဟာဝိဇ္ဇာတန်းကို လေးနှစ်ခန့် သင်ကြားရပါရေ။

ယင်းနောက်ပိုင်း အကိုစံကျော်ထွန်းရေ စစ်တွေမြို့ “သူတော်မကျောင်း” မှာ အထက်တန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်းပြီးကေ “စစ်တွေဓညဝတီ အလယ်တန်းကျောင်းနန့် စစ်တွေ အမှတ် (၁) အစိုးရအထက်တန်းကျောင်းရို့မှာ အထက်တန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်းပါရေ။

အကိုစံကျော်ထွန်းရေ တပည်လက်သားရို့ကို ရှိုးပျက်ရာမှာ-

၁။ အမျိုးသားရေးအပေါ်အမှန်ရိုးသားပနာ စိတ်စေတနာကောင်းဟိသူ၊
၂။ စာရိတ္တကောင်းမွန်သူ။
၃။ စေကမ်းဟိသူ။
၎။ ဇွဲလုံ့လဝိရိယဟိသူ။
၅။ အပြန်အလှန် စာနာတတ်သူ၊ စစွာရို့ကို အခြေခံပနာ ရွီးချေလေ့ဟိပါရေ။ ဒေအခြေခံ 
(၅) ချက်ရေ ပဉ္ဖရတာနာဟု ဆိုထိုက်ပါရေ။ 
ပြည်သူ့ဝန်ထမ်းကောင်း၊ 

ပြည်သူ့ခေါင်းဆောင်ကောင်း ဖြစ်ဖို့အတွက် ရခိုင်သားတိုင်း ကျင့်ကြံအားထုတ် ကြိုးစားကတ်ရဖို့ပင်ဖြစ်ပါရေ။
အကိုစံကျော်ထွန်း၏ တပည့်ရင်းဖြစ်တေ ဒေါက်တာခင်မောင်က သူ၏ဆရာရင်းဖြစ်တေ အကိုစံကျော်ထွန်းကို “ ဆရာရေ ကကောင်း စေးကမ်းကြီးရေ။ 
အမျိုးသားရီးနန့် ပတ်သက်လာကေလေး ကကောင်းမာနဟိပါရေ။ မျိုးချိုက်ကောင်းမပီသဘဲနန့် အမျိုးသားရေးသမားကောင်း၊ ကွန်မြုနစ်ကောင်းတယောက် မဖြိုက်နိုင်လို့ အမြဲမပညာပီး လေ့ဟိရေ။

မျိုး ချိုက်မျက်ကန်းမဖြစ်ဖို့၊ အစွန်းရောက်ဝါဒီမဖြိုက်ဖို့၊ အလယ်အလယ်လမ်းရီဦးကို ကိုင်စွဲဖို့ပညာပီး လေ့ဟိရေ။
ဗုဒ္ဓဘာသာဝင်ပီးပီ ဘာသာရေးကို ကိုင်းရှိုင်းရေ။ 
အလယ်အလတ်လမ်းစဉ်ကို ကျင့်သုံးရေ။ 
စာရိတ္တကို အထူးစောင့်ထိန်းရေ။ 
စေးကမ်းကြီးပနာ လူငေပညာတတ်ရီ့ကိုမျိုးချိုက်ကောင်းတီ ပိသအောင် သွန်သင်ပျိုးထောင်ပီးရေ။ 

နောင်မျိုးဆက်သစ်ရို့ကို ဆိုးမွီမပီးမိဖို့အမြဲတမ်း သတိပီးပါရေ။
” လို့ မှတ်ချပါရေ။
အကိုစံကျော်ထွန်းရေ ၁၉၆၃- ၆၀ ရခိုင်ပြည်တော်လှန်အင်အားစု (Arakan Revolutionary Force ARF) ၁၉၇၀- ရ ရခိုင်ပြည်လွတ်လပ်ရေးအဖွဲ့ (Arakan Independence Organization- AIO) ကိုစတင်တေထောင်ခသူ။ 
၁၉၇၀ - ၇၅ (AIO – General Secretary) ထွေထွေ အတွင်းအတွင်းရေးမှူချုပ်။
၁၉၇၀ - ၁၉၇၅-(AIA) ၏ ဒု- စစ်ဦးစီးချုပ် ဇုန္ဓတ်ကြီး စံကျော်ထွန်းဖြိုက်ခပနာ။ အာဇာနီပီပီ တိုင်းပြည်နန့် လူမျိုးအတွက်၁၉၇၅- ခု မေလအထိ အသက်စွန့်ကြိုးပမ်းစသူဖြိုက်ပါရေ။

ရခိုင်ခေါင်းဆောင်ရိုရေ အစိုဉ်အလာအရ အခြားတိုင်းရင်းသားခေါင်းဆောင်ရို့နန့် ညီရင်းအကိုပမာ ကကောင်းချိက်ပါရေ။
မွန်ခေါင်းဆောင်ရို့၊ ကချင်းခေါင်းဆောင်ရို့၊ ကရင်ခေါင်းဆောင်ရို့၊ ကယား (ရင်နိ) ခေါင်းဆောင်ရို့၊ သျှမ်းခေါင်းဆောင်ရို့၊ ပအိုင်ခေါင်းဆောင်ရို့၊ အစဟိသူရို့နန့် ဆိုးတူကောင်းဖက် စစ်မှန်ရေ ပြည်ထောင်မြန်မာနိုင်ငံ ပေါ်ထွန်းရေးအတွက် တိုက်ပွဲဝင်ခကတ်ပြီးကေ အခုလေး တိုက်ပွဲဝင်နီတုန်းပင်ဟိပါသိ့ရေ။

ဒီမိုကရေစိနန့် ဖက်ဒရယ်စွာ ဒင်္ဂါးတပြားမှာ ခေါင်းနန့်ပန်းပိုင်ဖြစ်ပါရေ။ 
ခေါင်းမဟိပဲနန့် ပန်းမဟိနိုင်ရေပိုင် ပန်းမဟိပဲနန့်လေး ခေါင်းမဟိနိုင်ပါ။ 
ယေနန့် ဒီမိုကရေစနန့် ဖက်ဒရယ်ဘရေးစွာရေ အတူတူပင်ဖြိုက်ပါရေ။
၁၉၄၇ - ခု ဖေဖေါ်ဝါရိလ (၁၂)ရက်နန့်မျာ ချုပ်ဆိုခရေ ပင်လုံစာချုပ်၏အနှိုက်သာရရေ။ ၁၉၄၈ - ခုနှစ်လွတ်လပ်ရီး ရပြီးနောက်ပိုင်း တဖြေးဖြေးအနှိုက်သာရက်ငးမဲ့လာရေ။ ယင်းသမိုင်းသင်္ခန်းစာကို တိုင်းရင်းသားခေါင်းဆောင်တိုင်း နားလေသင့်ပါရေ။

 ရခိုင်တိုင်းရင်းသားခေါင်းဆောင်ဖြစ်တေ အကိုစံကျော်ထွန်းစွာ ကချင်ခေါင်းဆောင်များနန့် ညီအကိုတိပိုင် ကကောင်း ရင်နှီးချိုက်ခင်လေးစားကတ်ပါရေ။ ၁၉၇၀ - ခုနှစ် ဖေဖေါ်ဝါရီလ ၂၀ ရက်နန့်မှာ ရန်ကုန် တက္ကသိုလ်က မဟာမိတ် “ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO)” နန့်ဆက်သွယ်ပနာ (KIA) တပ်မဟာ(၁) လွတ်မြောက်နီမြီ၊ လားရှိုးဧရိယာသို့ တောခိုလားခပနာ (KIA) တောင်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးဇော်ဒန်၊ ဒု-တိုင်းမှူးဇော်မိုင်ရို့၏အကူအညီနန့် ၁၉၇၀ - မတ်လ (၃) ရက်နိန့်မှာ မြီအောက်အဖွဲ့ ဖွဲ့စေးကတ်ပါရေ။

“ရခိုင်ပြည်တော်လှန်ရေးအင်အားစု (ARF)” ကို ရခိုင်ပြည်လွတ်မြောက်အဖွဲ့ (AIO) အဖြစ် တိုးချေ့ဖွေ့စေးပါရေ၊ ဧပြီလမှာ အကိုစံကျော်ထွန်း၏ လုပ်ဖေါ်ကိုင်ဖက်ဖြစ်တေ အကိုကျော်လှိုင် (AIO) တွဲဖက်အထွေထွအတွင်းရေးမှူး (၁) ရေ၊ ရေးဘော်တပ်စိပ်တစိပ်နန့်အတူ ထိုင်းနိုင်ငံ (KIO) နိုင်ငံခြားရေးဌာဟိရာသို့ ခရီးထွက်လားခရေ။ ယင်းဒေသမှာ (KIO) ဥက္ကဌကြီးဗိုလ်ချုပ်ဇော်ဆိုင်းနန့်အတူ နိုင်ငံတကာရေးရာ ဆက်ဆံရေးကို တာဝန်ယူခရေ။ 

၁၉၇၄- ခုမှာ ဇုန္ဓတ်ကြီး ထွန်းရွှေမောင် (AIO-ဥက္ကဌ) ကရေးဘော် (၅၀) လောက်ကို ဦးဆောင်ပနာ ရခိုင်ပြည်သို့ဆင်းရေ။ 
(AIA) ကို ၁၉၇၀ -ခု မေလ (၂၀) ရက်နိန့်မှာ (KIA) ဗိုလ်မှူးကြီး ဇော်ဒန်၊ ဗိုလ်မှူးဇော်မိုင်၊ ဗိုလ်မှူးဇော်အုံ၊ ဗိုလ်ကြီးနော်ခန်းရို့က ကြီးကြပ်ပနာ ဖွေ့စေးပီးခပါရေ။
အထက်ပါ အချက်အလက်ရို့ရေ တိုင်းရင်းသားအချင်းချင်း ချုက်ခင်ရင်းနှီးမှုဟိခကတ်ကြောင်းကို သက်သီသာဓကအနိန့်နန့် ထုတ်ဖေါ်တင်ပြရခြင်းဖြိုက်ပါရေ။

အကိုစံကျော်ထွန်း တော်လှန်ရီးလုပ်နီရေအချိန်မှာ အကျွန်ရေ နိုင်ငံခြားပညာတော်သင်အဖြစ်နန့် သြစတေးလျနိုင်ငံမှာ ရောက်ဟိနိပါရေ။ အကိုစံကျော်ထွန်းရေ သူတောမစိုခင် ၁၉၆၈ - ခုနှစ် သမိုင်းကေလိပ်ဝင်းဟိ အကျွန်အိမ်ကို ရောက်လာပါရေ။ 
အကျွန်နန့် ကျောင်းသားဘဝကပင် ဆွေးနွေးခရေ အကြောင်းအရာတိကို ဆက်ပနာဆွေးနွေးကတ်ပါရေ။
ရန်ကုန်မှာနိဖို့ အကျွန်ကအကြံပြုပါရေ။ 
သူက ရန်ကုန်မှာနိလို့မဖြစ်။
စိုက်တွေကို ပြန်ရဖို့လိုပြောပါရေ။

စိုက်တွေကိုရောက်လို့ မကြာခင်မှာ တောခိုလားခရေလို့ သတင်းကြားရပါရေ။ အကိုစံကျော်ထွန်း တောခိုလားလို့ သူ့ဆရာရင်ဖြစ်တေ ရခိုင်မြန်မာ ပဏ္ဍိတ် ဦးဦသာထွန်းကို စိုက်တွေမြို့ဟိ တပ်ရင်းမှ ဒု - ဗိုလ်မှူးကြီးတင့်လွတ်က ဆရာ ဦးဦသာထွန်းအား နှစ်ပတ်လောက်ဖမ်းဆီးထားရေ။
ဆရာကြီးကိုခန်းမကြီးတခုမှာ ခွီးခြွီးထောက်နန့် နှိုက်ပတ်တိတိ ထိုင်းခိုင်ထားရေ။
ဒု -ဗိုလ်မှူကြီးတင့် လွင်ရေ နောင်အခါ မွန်ပြည်နယ် မော်လမြိုင်မြို့မှာ တရားသူကြီးဖြိုက်လားခရေ။

ဆရာကြီးဦးဦသာထွန်းကို ဒု-ဗိုလ်မှူးကြီးတင့်လွင်က ဖမ်းဆီးချုပ်နှောင်စွာရေ ဂျပန်နိုင်ငံ သမိုင်းမှာ ၁၀ ရာစုလောက်က တပည်ကြောင့် ဆရာကို အပြစ်ပီးစွာ၊ သားတောခိုလားလို့ အမိကိုလာဖမ်းစွာ၊ သားပြစ်မှုကျူးလွန်လို့ အဖကိုလာဖမ်းစွာရို့ရေ ကကောင်းရှိးကျရေ သမိုင်းဖြိုက်ရပ်တိဖြိုက်ပါရေ။

အကျွန်ရို့မြန်မာပြည်မှာကား အေဖြိုက်ရပ်ရို့ရေ အဂုထိ ဟိနိန်သိ့ရေတွက်နန့် မြန်မာနိုင်ငံရေ ဂျပန်နိုင်ငံ၏ ၁၈ ရာစုခေတ်ရာဟိသိ့ရေ။
ဆရာကြီး ဦးဦးသားထွန်းက သူ့ကိုဖမ်းရေကိစ္စနန့် ပတ်သက်လို့ အကျွန်ကို ပြောပြပါရေ။ လူအများသိရေ မြန်မာနိုင်ငံ မှတ်တမ်းတခုမှာလေး မင်းဒုံးမင်း၏လက်ထက်က ဖြိုက်ပေါ်ခရေ။

မင်းသားရို့ပုန်ကန်တော်လှန်မှုမှာ အခါပီးရေလို့ ဆိုပြီးကေ ကဗျာလင်္ကာရွီးစပ်ရာမှာ ကကောင်းထင်သျှားရေ ဦးပုံည၊ ပါရေးဆိုပနာ ဖြို့တော်ဝန်ဦးသာအိုကို ဖမ်းချုပ်ခိုင်းရေ။ ဦးသာအိုက ဖမ်းချုပ်ရုံမက ဦးပုံညကို ကွက်မျှက်ပိုက်တေ။

ဦးပုံညကို ကွယ်မျှက်ပြီး တလလောက်အကြာမှာ မင်းဒုံးမင်းကြီး ညီလာခံ၌ ဦးပုံည ဇာမှာလေးလို့ ဦးသာအိုကိုမီးရေ။
ဦးသာအိုက ဦးပုံညအား အကျွန်ကွက်မျှက်လိုက်ယာဖြိုက်ကြောင်း သျှေက်တင်လိုက်တေ။

ယေခါ မင်းဒုံးမင်းကြီးက “လူကိုခွီးသတ်လိုက်တေ” လို့ မှတ်ချက်ချဖူးပါရေ။ 
ယင်းနေးတူ ရခိုင် - မြန်မာ မဏ္ဍိတ် ဆရာကြီး ဦးဦးသာထွန်းကို ဒု - ဗိုလ်မှူးကြီးတင့်လွင်က မတော်မတရား ဖမ်းဆီးချုပ်နှောင်းထားစွာရေ မင်းဒုံးမင်းကြီး စကားအရ လူကိုခွီးက ချုပ်ထားရေပိုင် ပြောရဖို့ဖြစ်ပါရေ။

အကျွန်ရေ အကျွန်၏ “ဘဝအတွီအကြုံများ” စာအုပ်ကို ရွီးသားပြုစုနိစိုဉ် အကျွန်အား ကူညီပီးနိရေ လူငေခိုင် ဘခင်က အင်တာနက်ထဲမှာ ဇာသူရွီးလို့ တင်ထားရေမသိ။ အကိုစံကျော်ထွန်းရွီးသားပြုစုခရေ “ဇာလုပ်ကတ်ဖို့လေး” ဆိုရေ စာမူကိုတွိဟိကြောင်း အကျွန့်ကို ပြောပါရေ။ 

အကျွန်မှာကား ကျောင်းနိဖက် သူငယ်ချင်း ရွီးသားခရေစာတန်းကို တွိဟိရလို့ ဝမ်းသာမဆုံးဖြစ်မိပါရေ။ 
အကိုစံကျော်ထွန်းရွီးထားရေ စာတမ်းကား ဖတ်လီကောင်းလီ၊ ကောင်းလီဖက်လီ စာတမ်းတစောင်ဖြိုက်ပါရေ။

အေစာတမ်းစွာရေ လွန်ခရေနှစ်ပေါင်း လေးဆယ်ကျော်လောက်ကပင် ရွီးထားခရေ စာတမ်းတစောင်ဖြိုက်ကေလေး အဂုလက်ဟိကာ၏ လူမှုဘဝအခြီအနတိနန့် ဆက်စပ်နိတုန်းပင်ဟိပါသိ့ရေ။ 
အကိုစံကျော်ထွန်းရွီးသားရေ တိုလီမိုလီ ဆောင်ပါးရိုကိုရာ ဖတ်ဖူးရေ အကျွန်မှာ အချက်အလက် အကျိုးအေကြောင်း ယုတ်တိယုတ်တာခိုင်လုံရေ အကိုစံကျော်ထွန်း၏စာတမ်းကို ဖတ်ရရေအခါ ဝမ်းသာပကတိဖြစ်တေအပြင် အာဇနေခေါင်းဆောင် ကိုစံကျော်ထွန်းကို ဂုဏ်ပြုရေအနီနန့် အေစာတမ်းကို စာအုပ်အဖြစ်ထုဝီဖို့ အကျွန်ဆုံးဖြတ်လိုက်စွာဖြိုက်ပါရေ။

အေစာတမ်းရေ ရခိုင်စာပီးအရွီး ရိုကား “ခွန်ဖမာ” လို့ပြောကေ ရွံမုန်းကတ်ပါရေ။ အာယုဒယမြို့ကို မပြုမပြဘေးထားစွာရေ ရှိခေတ်သမိုင်းကို အသက်ဝင်လှုပ်သျှားစိခြင်းဖြစ်ပါရေ။
အကျွန်ရို့ မြောက်ဦးနန်းတော်ကို ခေတ်ပြိုင်ပဂျီကားချက် အနီနန့်ရာတွိမြင်ကတ်ရပါရေ။ ရခိုင်ရို့ရေ အေနန်းတော်ကို မြင်ရသူရခိုင်တိုင်းက စိတ်မချမ်းမသာ ဖြစ်ကတ်ရပါရေ။ ဗမာရို့ကား မိမိပျောက်ပျောက် ဟိကတ်ကေလေး ရခိုင်ရို့ကား မိပျောက်လို့မရနိုင်။

အကိုစံကျော်ထွန်းရေ တောင်ကုတ်နယ်စား တောင်မင်းကြီး ဗိုလ်ကျော်ထွီးအကြောင်းကစလို့ ရခိုင်နိုင်ငံရေးအတွေးအခေါ်လုပ်ရပ်ရိုကို ဆန်းစိုက်လေ့လာ တင်ပြခပါရေ။
ရခိုင်ရို့ရေ ၁၉၄၈ - ခု လွတ်လပ်ရီး ရရေအထိ ဗမာနောက်မီးသွေးဘဝနန့်ရာ ရပ်တေခကတ်တေ။
ဗိုလ်ကျော်ထွီး၏ ရေရွယ်ချက်ပန်းတိုင်ကား ပျောက်လားခရရေ။ သူထောက်ပြစွာလည်း သမိုင်းကြောင်းအရမှန်ရေ။

အကျိုးကြောင်းလည်း ညီညွတ်တေ။ 
ရခိုင်သားရို့၏ လက်ဟိအခြီအနိနန်လေး တထပ်တေးဖြိုက်နီရေ။ 
အဓိကရေမှန်းချက် အောင်မြင်ဖို့အတွက် ရခိုင်ရို့ညီညွတ်ရဖို့။
စည်းကမ်းဟိကတ်ရဖို့။
အမျှော်အမြင် ကြီးကတ်ရဖို့ဆိုပနာ တင်ပြခပါရေ။

ယင်းအပြင် ပုဂ္ဂိုလ်ရေးရာ ကိစ္စကိုရှေ့တန်းမတင်ဘေး အမျိုးသားရေးကိစ္စကိုရာ ရှေ့တန်းတင်ကတ်ရဖို့ဖြိုက်တေ။
ယင်းပိုင်မှရာ ပုဂ္ဂိုလ်ရေးရာ ကိစ္စကိုရှေ့တန်းမတင်ဘေး အမျိုးသားရေးကိစ္စကိုရာ ရှေ့တန်းတင်ကတ်ရဖို့ဖြိုက်ပါရေ။ 
ခေါင်းဆောင်ရို့နန့် မျိုးဆက်သစ်လူငေသျှေရိုရေ စာများများ ဖတ်ကတ်ရဖို့ဆိုစွာကိုလေး အကြံပြုခပါရေ။ 
မဟာဗျူဟာနေးနန့်ချမှတ်ထားရေ ရေမှန်းချက် အောင်မြင်ဖို့အတွက် နေးဗျူဟာမျိုးစုံကို ကျင့်သုံးလုပ်ဆောင်ကတ်ဖို့ အကြံပြုခပါရေ။

ယကေ “ငါရိုဇာလုပ်ကတ်ဖို့လေး” ငါရို့မှာ ကိုယ့်အိုး၊ ကိုယ့်အိမ်၊ ကိုယ်ခြံဝင်းနန့်နိနိုင်ရေ အခြီအနီမျိုး ဟိယက်သားနန့် ယောက္ခမအိမ်မှာ မောင်းကာတွေးပနာ နိစွာရေ ကိုယ်ရို့မှာဟိနိရေ ပင်ကိုအရိအသွီးကို ချိုးနှိမ်ပစ်ရာရောက်တေး ယင်းပိုင်း ယောက္ခမအိမ်မှာ ကိုယ့်ရခိုင် သမိုင်းကိုတောင် ဖတ်ပိုင်ခွင့်မဟိ၊ ကိုယ်ရခိုင်စာပီကိုလည်း သင်ပိုင်ခွင်မဟိ။

ယေနန့် ပါမောက္ခ ဒေါတာသန်းထွန်းပြောရေပိုင် “လူအ” တိအနိနန့်ရာ အကျွန်ရို့ဆက်လက်နိလားကတ်ဖို့လား။

ပါမောက္ခ ဒေါက်တာအေးကျော်
 သုခဝတီ (နယူးယောက်)

No comments:

Post a Comment