(၁) ပေါင်းတုတ်ပြင်ကပြေသူ- ၁၀၀၀
(၂)သရက်အုပ်က- ၁၀၀၀
(၃)ကြက်ရိုးတောင်က- ၁၀၀၀
(၄) စံကားတောင်က- ၁၀၀၀
(၅) မြောက်ဦးမြို့ထက်က ပြေသူ - ၂၇၀၀၀
(၆)ပုခက်တွင်း နို့စို့ချေတိကို ဓါးကဇတ်ပခစွာ-၁၀၀၀၀
(၇)ဘုရားပေါ်၊ ဒိုင်းကျိ၊ မောင်းဆွေး၊ ငရကောက်၊ ခေါင်းပြိုတောင်၊ ပုရိမ်၊ ပေါင်းတုတ်၊ ရတနာပြင်၊ လက်မတောတန်း၊ကိုးဆေ့ကိုးတောင်၊ သံတွေး၊ ရမ်းပြေ့၊ မာန်အောင်၊ အရပ်ရပ်ရို့က ဗမာနေချေ့ရို့ သတ်ပိုက်ခရေပြေသူအပေါင်း အလိရွိရေကား ၁၈၄၀၀၀၊ (၁၇၈၄-၈၈-ခု၊) အတွင်း စုစုပေါင်း အသတ်ခံရစွာ ၂၃၆၀၀၀။
အေလောက် သိရေပြေသူကို ရခိုင်ပြေသူရို့က သမိုင်းအတင်ကတ်ကေ ဇာလို့ယူဆကတ်ရဖို့လေး
ယင်းပိုင်လူ့သမိုင်းကို ဂရုမပြုကတ်တေ၊ လူမျိုးဆက်သိုက်အတွက် အနာဂတ်ဆိုစွာ တေဟိနိုင်ဖို့လား။
ယင်းသမိုင်းကို ဆက်ခံရေလူကို ကျိုင်းမြောင်းရေလို့ဆိုကေ ဆိုရေလူ၏ စိတ်ကိုကျေရေလို့ သတ်မှတ်ရဖို့လား။
နေချေ့ရို့၏ ပြေသူအပေါ်ရက်စက်ပြုမှုစွာကို သမိုင်းမတင်ကေ၊ တင်စွာကိုချုပ်ချကေ ယင်းပိုင်လူကို ပြေသူကိုနှိုက်စက်တေ နေချေ့ကို ထောက်ခံအားပီးရေလူစားလို့ သတ်မှတ်ရရေ၊ ပြေသူကိုဆက်ဆံစွာ ပြေသူ့သမိုင်းကိုဆက်ခံစွာရေ တရားရေ၊ မှန်ကန်ရေ လူ့ကျင့်ဝတ်နန့် ညီညွတ်တေ။
နေချေ့ရို့၏ ယုတ်မာမှုကို၊ ပြေသူရို့၏ ဒုက္ခခံစားရမှုတိကို ဖော်ထုတ်ရဖို့ပင်၊ သမိုင်းမော်ကွန်းတင်ရဖို့ပင်ဖြိုက်တေ။
ရခိုင်ပြေ မြောက်ဦးမြို့တော်ကို ဗမာနေချေ့၊ ပဒေသရိုက် သိမ်းပိုက်ပြီးရေနောက်ပိုင်း ၁၁၄၇-ခု တန်းခုးလက တောင်မင်းကြီးကျော်ထွီးရေ ညီညွတ်ရီးတပ်ပေါင်းစု လုပ်နိုင်အောင် ကြိုးစားပြီးကေ ဗမာနေချေ့ကို တိုက်ခိုက်လိရေ။
မုဇုန္ဓတ်ကြီးဘရွှေ၊ ဓါးပြန်စီးဗိုလ်ကောင်းစံရွှိ၊ ဓါးပြန်စီးဗိုလ်ကောင်းစံရွှိ၊ ဓါးပိုင်ကြီးစံပေါ်ရွှိရို့နန့် အင်အားစုပြီးကေ အရှိအိန္ဒိယ ကုမ္ပဏီနန့် မဟာမိတ်ဖွေ့ကတ်တေ။
ပဒေသရိုက်နေ ချေ့နန့် အရင်းသျှင်နေချေ့ ၂-တိုင်ကြားက ကျရောက်နိရရေ ရခိုင်လူမှုအဖွေ့အစေးကို ကေတင်ဖို့အတွက် ပက်ပင်းပဋိပက္ခဖြိုက်တေ၊ ဗမာနေချေ့ကို ရခိုင်ပြေတွင်းက တိုက်ထုတ်ဖို့အတွက် လက်နက်အရောင်းအဝေအကူအညီကိစ္စတွက် စကားဆိုကတ်တေ။
ကုမ္မဏိကိုယ်စားလှယ် စိုက်တကောင်းမြို့ဝန်နန့် တောင်မင်းကြီးကိုယ်စားလှယ် နောင်တော် ဓါးပိုင်ကြီးစံပေါ်ရွိ အပြန်အလှန်ဆွေးနွေးခကတ်တေ။
ယေကေလေ့ ဆွေးနွေးပွေးအတွင်းကပင် ရခိုင်ခေါင်းဆောင်အချင်းချင်း စိတ်ဝမ်းကွေးပြားမှု ဖြိုက်ပေါ်လာလို့ အချဉ်းနှိးဖြိုက်လိရရေ။
ယင်းအချိန် အတိုးအတွင်းက ပန္နေးချောင်းကျွန်းစား ကောင်းညွန်ရန်တိုင်ရေ “ရသေ့တောင်တိုက်ပွေး” မှာ ကျဆုံးလိယာဖြိုက်တေ။
သမ္မတရားဇာမင်း၏ သားတော် “သက်စံရွှိ” မဟာသမ္မတရာဇာမင်း၏ညီတော် “ချိက်လှရွှိ” ရို့ရေ သူရီးတထောင်နန့် ရမ်းပြေ့မြို့ကို တိုက်ခိုက်လာကတ်တေ။ ဗမာနေချေ့တပ်က အားနန့်ဖိလို့ ရခိုင်မင်းသားနှစ်ပါးရို့ ဆုတ်ခံရရေ။
သံတွေးမြို့ကို လမုစားဗိုလ်ဟရိ တပ်မှုးဗိုလ်ရီးစံရို့ ရသလောက် ရခိုင်အင်အားနန့် ဖိတိုက်ကေလေ့ ဗမာနေချေ့ရို့က လက်ဦးမှုရထားယာဖြိုက်လို့ တပ်ဆုတ်ခံရရေ။ မာန်အောင်ကျွန်းက ဗိုလ်မြရောင်၊ ဗိုလ်ထွန်းအောင်ရို့ ဗမာနေချေ့ကို တော်လှန်တိုက်ခိုက်ရာက ယှုံးနိမ့်လို့ တောင်ကုတ်၊ ဂွ၊ ကြိမ်သလိဝက်သို့ ဆုတ်ပြီးလိရရေ။
မာန်အောင်ကျွန်းက ဆီးသမား၊ ဗေဒင်တက်အများအပြားကို ဗမာနေချေ့ရို့ သတ်ပိုက်လိရေ၊ မြောက်ဦးမြို့အနီး မြို့သိုက်ချောင်းက တောင်မင်းကြီးကျော်ထွီးရေ ဗမာနေချေ့ကို တိုက်ခိုက်လိပြန်ရေ။
တိုက်ပွေးကပြင်းထန်ရေ။
ယင်းတိုက်ပွေးက ရခိုင်တော်လှန်ရိးခေါင်းဆောင်ကြီးမှာ သေနတ်ထိမှန်လို့ ၁၁၄၈-ခုကဆုန်လမှာ ကွေလွန်လိရေ။
တောင်မင်းကြီး၏ မိဖုရား၊ သားတော်၊ သမီးတော်၊ မောင်းမမဿံရို့ကို ဗမာနေချေ့ရို့က ဖမ်းဆီး၊ ချိုင်နှောင်ပြီးကေ မြိုက်မှာပိုက်ချလို့ သတ်ဖြတ်လိုက်တေ။
အနောက်ခုနိုက်ခရိုင် တောင်စိုင်စနေး အရပ်သားရို့ကလေ့ ဗမာနေချေ့ သိုက်စာကိုမခံဘေး တော်လှန်ကတ်တေ။
ရမ်ပြေ့စားဗိုလ်ပေါလုံး၊ လမုစားဗိုလ်ပေါခိုင်ရို့ ပူးပေါင်းပြီးထားကတ်တေ။
ယင်းခါ ဗမာနေချေရို့က လက်ဦးမှုရထားပြီးဖြိုက်တေအတိုင်း စနေးတပ်ကို ဖြိုခွင်းပိုက်တေ။
၁၁၄၉-ခုနှိုက် ကဆုန်လက စနေးတရွာလုံးကို သတ်ပြီးကေ မြိလှန်ပိုက်လိုက်တေ။
နံယုံလမာ အိမ်ရှိမင်းသား သက်စံရွှိမာ သိနပ်ဒဏ်ရာနန့် ကွေလွန်လိရေ။ နေချေပဒေသရိုက်မောင်ဝိုင်း၏ ရခိုင်ပြေ သူအပေါ်မှာ ရက်စက်ယုတ်မာမှုကား ကမ်းကုန်ရေ။
ရခိုင်အမျိုးပြုန်းအောင်၊ ရခိုင်တော်လှန်ရီးစိတ်ဓါတ် ကုန်ခန်းအောင်၊ အစစအရာရာကို လူမဆံ၊ သူမဆံ၊ ရိုက်ချိုးဖျက်ဆီးပိုက်တေ။
မျိုးပွားဖုံးလွှမ်းပိုက်တေ။
နောက်နောင် မတော်လှန်နိုင်အောင်
“ရခိုင်ဘုရင် အဘယမဟာရာဇာမင်း၏ သားတော် ပတောင်းစား စံရွှိပေါ်၊ စန္ဒသုမနရာဇာမင်း၏ သားတော် ကျော်ဇံ၊ ဓမ္မရိက်ရာဇာမင်း၏သားတော် ရိနောက်စားသုနွေဦး၊ တခြားမင်းသား၊ မင်းသမီးများ ဝိနေထိုရ်၊ သျှိတ်သောင်းဆရာတော်၊ ရတနာစံဦးဆရာတော်၊ ဇိနမာန်အောင်ဆရာတော်၊ လောကမာန်အောင်ဆရာတော်၊ ပိန္နေးတောင်ဆရာတော်၊ ပုရောဟိတ်မင်းဆရာ၊ သျှိက်တိုင်ဗေဒင်တတ်၊ ဆီးသမား၊ ကိုယ်ရံတော်၊ သူငယ်တော်၊ ယောင်္ကျား မိန်းမ (၇၇၀၀) ရို့ကို ၁၁၄၆ ခု၊ တပေါင်းလမှာ ဗမာနေချေ့ရို ဖမ်းဆီခေါ်ဆောင်လားခရေ၊ ပဋိကပ် ၃-ပုံ၊ ဗေဒင်ဗာဟီရကျမ်း ၅၆-စောင့်ရို့ကိုလေ့ သိမ်းယူလားခရေ၊” “မြောက်ဦးမြို့တော်ဟိကျောင်းကြီး ၃၀၊ ကျောင်းငေ ၃၇၀၀၊ တပြေလုံးဟိ ကျောင်းကန်၊ စေတိပုထိုးများအားလုံးကို ရခိုင်ထက်ရီးလက်ရာဆိုလို့ မမြင်ရအောင် ဗမာအမိန့်နန့် ဖျက်ဆီးပိုက်ကတ်တေ။ မြောက်ဦးရွှိမြို့တော်နန့်တကွ ရမ္မာဝတီမြို့တော်၊ မေဃဝတိမြို့တော်၊ ဒွါရာမဝတိမြို့တော်မှာဟိရေ နန်းတော်ကျုံးမြောင်းခရေ မြို့အင်္ဂါအားလုံးကိုလေ့ ဗမာမင်းအမိန့်နန့် ဖျက်ဆီးမီးတိုက်ပြီးကေ မြီလှန်ပိုက်လိုက်ကတ်တေ။” “ရခိုင်ရဟန်းတော် ထေရ်ကြိး၊ ဝါကြီးရို့ကိုလေ့ လူထုတ်ပြီးကေ ဗမာပဉ္ဖင်းပျိုရို့ပါးမှာသိက္ခာပိုက်တင်စီရေ၊ ဗမာနေချေ့ သာသနာပြုဆရာတော် ၁၂-ပါး ရောက်လာပြီးကေ ရခိုင်ယိုဉ်ကျေးမှုအရပ်ရပ်ကို ဖျက်ဆီးပိုက်ကတ်တေ။ ရခိုင်စာပီကျမ်းဂန်ရို့ကိုလေး ဖျက်ဆီဆီးပြီးကေ ဗမာဘာသာပြန်ဆိုကတ်တေ။ ဗမာစာ၊ ဗမာစာပီရိုကို ရခိုင်ပြေသုတိပါးမှာ အသုံးပြုခိရေ။”
နေချေ့မှုကိစ္စအရပ်ရပ်ပြီးရေခါ အောင်ဇာတိနန့် သိမ်းကျောင်းဆောက်လုပ်လိကတ်တေ။ ယင်းအတွက်နန့် ၁၁၅၀ (AD.၁၇၈၈) ကစပြီးကေ ရခိုင်လက္ခဏာအရပ်ရပ်တို့ ပျက်စီး၊ တိမ်မြုပ်လီရရေ၊ အေကား ၁၁၄၆-ခု ဗမာနေချေ့ ရခိုင်ပြေသို့ ဝင်ကတေးကစပြီးကေ ၁၁၅၀-ခု ဗမာနေချေ့ရို့ ရခိုင်လက္ခဏာ အရပ်ရပ်ကို ချိုးဖျက်လိုက်တေအချိန်ထိ အကျိုင်းချုပ်သမိုင်းဖြိုက်တေ။
၁၇၈၈-၁၇၉၄-ရခိုင်ဗိုလ်မင်း၊ တပ်မင်းအပေါင်းရို့မှာ ဗမာနေချေ့ရို့ လက်ဦးမှုရလားချက်ကို ပြန်ချိးချဖို့ အကြိမ်ကြိမ် ကြိုးစားကတ်ကေလေ့ တော်လှန်ရီး၏ အဓိကဝင်ရိုးဖြိုက်တေ စေးကမ်းဟိခြင်း၊ စေလုံးညီညွတ်ခြင်းကို အရမတေ ဆောက်နိုင်ကတ်လို့ အယှုံးနန့်ချေး ရင်ဆိုင်နီကတ်ရရေ၊ ယှုံးတိုင်းယှုံးတိုင်း ရခိုင်ပြေအနောက်ပိုင်းဒေသမှာ ခိုအောင်းနိကတ်ရရေ၊ ရခိုင်ပြေ အနောက်ပိုင်းဒေသကို ယင်းအချိန်က ဘင်္ဂလားကိုသိမ်းပိုက်ထားရေ ဗြိတိသျှ အရှိအိန္ဒယကုမ္ပဏီက အပိုင်ခံထားရာဖြိုက်တေ၊ ဒေကာလမှာ ရခိုင်ပြေအရှိဖက်တခြမ်းကို ဗမာပဒေသရိုက် နေချေ့က စိုးမိုးလို့အုပ်ချုပ်နီယာဖြိုက်တေ။
အနောက်ဖက်တခြမ်းကို ဗြိတိ သျှအရင်းသျှင်နေချေ့ရို့လှေစားအုပ် ချုပ်နိယာဖြိုက်တေ။ ရခိုင်တော်လှန်ရီး ခေါင်းဆောင်ရို့ရေ ဗမာနေချေပါးမှာ စိုက်ရီးအရယှုံးတိုင်း အနောက်သို့ ဆုတ်ပြီးကေ ယင်းမှာ စေးရုံးရီးလုပ်လိလုပ်ထဟိကတ်တေ။
ရခိုင်ပြေအရှိဖက်ခြမ်း နတ်မြိုက်ကပင် မော်တင်စွန်း၊ ဟိုင်းကြီးကျွန်း နဂရိုက်အငူထိ၊ အနောက်ဖက်ခြမ်း နတ်မြိုက်ကပင် အနောက်ဖက် ဘင်္ဂါ ၁၂ မြို့၊ သက်ထောင်၊ ဖလံထောင်၊ ဗိုလ်မင်းထောင်၊ မြုံထောင်အထိ၊ ရခိုင်ပြေ အရှိဖက်ခြမ်းဟိ၊ ၁၁၅၀-ခုနောက်ပိုင်းက ရခိုင်ပြေသူ တရပ်လုံးကို ဗမာနေချေ့ရို့ ဓါးတင်အုပ်ချုပ်လီရေအခါ ရခိုင်တော်လှန်ရီး ခေါင်းဆောင်များဖြိုက်ကတ်တေ ရမ်းပြေ့ စားဗိုလ်ပေါလုံး၊ ကျွေးတကောင်းနိုင်ဗိုလ်၊ ဗိုလ်ခွက်ပေါက်၊ ဗိုလ်စိန်ရောင်၊ ဗိုလ်မြရောင်၊ ဗိုလ်ထွန်းဦး၊ ဗိုလ်မျတ်မှောင်ဖြူ၊ ဗိုလ်တိုင်းချိုက်ပရံ၊ နတ်တော်စားဗိုလ်ရွှေကျော်၊ ဆေစင်းစီးဗိုလ်လင်္ကျားပြန်ရွာအုပ် ဗိုလ်တုံးစံ၊ ဗိုလ်ကေစွေ၊ ဒင်္ဂါးတောင်စား ဗိုလ်တုံးစံရွှီ၊ ပလက်စားဗိုလ်စံစရေ ဗိုအပေါင်းရိုရေ ရခိုင်ပြေအနောက်ဒေသမှာ ခိုလှုံလို့ဟိ လိကတ်တေ၊ ယင်းခေါင်းဆောင်တိနန့် ပြေသူတရပ်လုံးကို ဗမာနေချေ့ရို
ဝင်ရောက်တိုက်ခိုက်သတ်ဖြတ်လိုရေ စိတ်တဖွားဖွားပေါ်ပေါက်နိလိရေ၊ ဗြိတိသျှနန့် ရင်ဆိုင်တိုးနိရေအတွက် ဗမာနေချေ့ရိုအဖို အခွင့်မသာ ဖြိုက်နိခရေ။
ယကေလေ့ အခွင့်ရကေရရေပိုင် ရခိုင်တိကို သတ်ဖြတ်လိရေ၊ ၁၁၅၆-ခု (AD.-1794) က ဗမာနေချေ့ရေ နေးပရိယေအမျိုးမျိုးနန့် ရမ်းပြေစားဗိုလ်ပေါလုံး၊ ဗိုလ်ခွက်ပေါက်၊ ကျွေးတကောင်နိုင်၊ ဗိုလ် ၃-ယေက်ကို ကုမ္ပဏီအစိုးရပါးက တောင်းခံလိရေ၊ ယင်းအခါ ဗမာတိပါးက လတ်စားထားရေ စိုက်တကောင်းမြို့ဝန်၊ ကာ နေလ်အာစကိန် (Colonel Erskine) က အဆိုပါဗိုလ် ၃-ဦးရိုကိုဖမ်းဗျာလ် ဗမာနေချေ့လက်သို့ လွှေးအပ်လိုက်တေ။ ယင်းဗိုလ် ၃-ဦးရို့ကိုဖမ်းဗျာလ် ဗမာနေချေရို့က အမရပူရသို့ ပို့လိုက်ပြန်ရေ။
ယင်းမာပင် ယင်းခေါင်းဆောင် ၃ ဦးကို (၁၁၅၇-ခု-နံယုန်လ) မှာ ကားစင်တင်ဗျာယ် မသိမရှင်၊ တန်းလန်းတင်လို့ သတ်ပိုက်လိရေ၊ ကျွေးတကောင်နိုင်ဗိုလ်ကား ထွက်ပြီးလွတ်မြောက်လားခရေ။
ယေကေလေ့ ရခိုင်ခေါင်းဆောင်တိကား ရခိုင်မာန်ကိုမချ၊ ဖြိုက်တေဘဝမှာ ဖြိုက်တေပိုင်ရုန်းကန်ကတ်တေ။
ကားစင် ထက်မာပင် နေချေ့ပဒေသရိုက်ကို ဆန့်ကျင် ဆန္ဒပြယင်းကွေလွန်လားခကတ်တေ။
No comments:
Post a Comment