ရခိုင်လူမှုအဖွေးအစေးမှာ မြီသျှင်ပဒေသရိုက်စနှိုက် နောက်ဆုံးပိုင်း တေတံ့ချိန်ကာလမှာ အမျိုးသား စေလုံးလုံးမှု ပြိုကွေးလားခရေအတွက်တာကြောင့် ကိုလိုနိကျွန်ဘဝသိုပ ကျရောက်လားခရေ အရှိဖက်ရခိုင်ပြေတစိပ်တဒေသနန့် ရခိုင်လူမှုအဖွေးအစေး တစိပ်တဒေသကို ဗမာပဒေသရိုက်နေချေ့က ရက်စက်မှုမျိုးစုံနန့်အုပ်ချုပ်လိရေ၊ အနောက်ဖက် ရခိုင်ပြေတစိပ်တဒေသနန့် ရခိုင်လူမှုအဖွေးအစေး တစိပ်တဒေသကို ဗြိတိသျှအရင်းသျှင်နေချေ့ရို့ သိမ်းယူပြီးကေ ဘင်္ဂလားနေနန့် ပေါင်းစပ်ပိုက်လိုက်တေ။
ဗမာနေချေ့ရို ရခိုင်ပြေကိုသိမ်းယူရေနှိုက် ၁၇၈၄ က ၁၇၈၈ ထိအတွင်းမှာ ရခိုင်အမျိုးသားတရပ်လုံး ဗမာနေချေ့ကို ခါးခါးသီးသီး တော်လှန်ခကတ်တေ။
စေးရုံးညိညွတ်ခြင်း၊ စေကမ်းဟိခြင်း၊ စရေတော်လှန်ရီး၏ အဓီကဝင်ရိုး (ဝါ) အင်္ဂါတိ ချို့တေ့မှုကြောင့် ယင်းတော်လှန်ရီးမှာ မအောင်မြင်နိုင်ခ၊ ဗမာနေချေရို့ လူမဆန်ရေစိတ်နန့် ရခိုင်ပြေအရပ်ရပ်မှာ သိန်းသန်းချီလို့ သတ်ဖြတ်ခကတ်တေ။ ယင်းခေတ်ခါမှတ်တ်းများအရ ဗမာမြို့ဝန် နန္ဒပကျန်သတ်ပိုက်ခစွာ ရခိုင်အမျိုးသား ပေါင်း ၂၃၆၀၀၀ ဖြိုက်တေ။
(၁၇၈၄- ၁၈-အတွင်း) ။
မာန်အောင်မြို့ဝန် ဗမာသမိုင်းရွီးသူများကလေ့ မာန်အောင် ကျွန်းဟိပညာသေပေါင်းများစွာကို သတ်ဖြတ်ခရေ၊ မြို့သိုက်ချောင်းစိုင်းတင်ချောင်း၊ တောင်ခွင်၊ ကြိမ်သလိ နေရို့မှာ သတ်ဖြတ်ခံခရရေ ပြေသူအပေါင်းမှာလေ့ ရွာလိုက်၊ နယ်လိုက်ချီလို့ဖြိုက်တေ၊ ရသမျှရခိုင်သုံးပန်းနန့်ပြေသူတိကို အုပ်လိုက်အုပ်လိုက်ဖမ်းပြီးကေ မြိုက်ကမ်းနားမှာ ပင်လေကမ်းခြီရို့မှာ ခြံခပ်ပြီးကေ ဖြားရီနန့်မြုပ်သတ်ခစွာ အေနိထက်တိုင် ခြံထိုးပြင်တိ ဟိနိသိရေ။
AD-၁၇၈၈-မှာ ဗမာမြို့ဝန်ဖြိုက်တေ အနောက်တိုက်ဝန်လက်ထက်က ရခိုင်ပြေက ဖမ်းယူလားခရေ သူငေတော် ၁၀၁ ယေကင် ယိုးဒယားကိုတိုက်ဖို့ ပီးပို့ရစွာကား လူ ၆၀၀၀ ဖြိုက်တေ။
၁၇၉၄ - ခုမှာ မြို့ဝန်းမင်းကြီး ကျော်ထင်စိန်ဖူး လက်ထက်မှာ လူပေါင်း ၂၀၀၀ မင်းကွန်းစေတီ တေဖို့လို့ပီးရရေ။
ယင်းအပြင် စိုက်ပွေးမှာပါလီရေ ရခိုင်အာဇာနီပေါင်းရောဂါဖီး၊ ငတ်မွတ်ခြင်းဖီးနန့် သီလီရရေလူအပေါင်းရို့မှာ မရိတွက်နိုင်အောင်ပင်ဖြိုက်တေ။
ဗမာရို့ ချွေးတပ်ဆွေးယူလားခစွာလေ့ အများအပြားပင်ဖြိုက်တေ။ ယင်းနန့် ရခိုင်အမျိုးသားရို့ရေ ရခိုင်ပြေအနောက်ဖက်ခြမ်း ဗြိတိသျှ အရှိအိန္ဒိယကုမ္ပဏီသိမ်းယူထားရေဒေသကို ကုန်းကြောင်းတမျိုး၊ ရီကြောင်းတဖုံ၊ထွက်ပြီးလီကတ်တေ။
စိုက်တကောင်းတောင်ရိုးတောင်ရိုင်းရို့ကို တိုးဝင်လီကတ်တေ။ လူအပေါင်းလေ့ အများအပြားပင်ဖြိုက်တေ။
သံတွေး၊ ရမ်းပြေ့၊ မာန်အောင်၊ စရေ ဒေသရို့ကပင်လေ့ ရိကြောင်းဖွင့်ကာ ဘင်္ဂလာအဝကျွန်း၊ ကျွန်းရိုင်းရို့ကို ခုတ်ထွက်ယှင်းလင်းဗျာလ်နိလီကတ်လေတး။
လူအပေါင်းလေ့ အမြောက်အများပင်ဖြိုက်တေ၊ ၁၇၉၈-ခု ဗမာရို့ မြောက်ဦးကို သိမ်းပိုက်ပြီးနောက် ၁၄ နှိုက်အကြာမှာ ရခိုင်အမျိုးသားသုံးပုံနှစ်ပုံရေ ရခိုင်ပြေ အနောက်ဖက်ခြမ်း ဗြိတိသျှပိုင်နက်သို့ ပြောင်းရွှိလားလိကတ်တေ။
ကပ္ပတိန်ဟိရမ်းကောစ် (Captain Hiramcox)၏ အစီရင်ခံစာအရ “AD-၁၇၉၉-ခုမှာ ရခိုင်သားပေါင်း ၄ သောင်း၊ မဟုတ်ကေ ၅-သောင်း ပြောင်ရွှိလာကြောင်းဖေါ်ပြထားရေ။
ဒေချင့်ရေ ၁၇၉၉ ခုနှိုက် တနှိုက်အတွင် ပြောင်းရွှိကတ်စွာဖြိုက်တေ။
ရခိုင်ဒုက္ခသေပေါင်းအနက် တရက်မှာ အယောက် ၂၀ ယောက်စီ သီဆုံးလိရေ။ လာလမ်းတလျှောက်မှာ လူသီအလောင်းထပ်နီရေ။
လူအိုတိ၊ ရောရါသေတိ၊ မိခင်တိ၊ အယှေတိလေ့ အများအပြားပင်ဖြိုက်တေလို့ သူ့အစီအရင်ခံစာမှာ ဖေါ်ပြထားရေ၊ အခုရခိုင်ပြေမှာ ဆက်ဆံနီရေ ရခိုင်အမျိုးသားအပေါင်းရို့ရေ ယင်းအခါက အသက်မသိလို့ ကျန်လိုက်တေ ရခိုင်ဖိုးဖီးဇူဇာက ဆင်းသက်လာရေ ရခိုင်အမျိုးသားတိ ဖြိုက်တေဆိုစွာကို မမိအပ်၊ မမိရ၊ လူ့တော်လှန်ရီးသမိုင်းဆက်ကို လူမသိရ လူမျိုးဆက်ကို လူပင်ဆက်ဆံရဖို့ပင်ဖြိုက်တေ။ ယင်းပိုင် ဖြိုက်နိချိန်မှာ ၁၇၉၈-ခု ဗမာဘုရင်မောင်ဝိုင်းက လူပေါင်း ၄ သောင်းနန့်သိနပ် ၂ -သောင်းရို့ကို ရခိုင်ပြေကတောင်းခံပါရေ။
ယင်းနန့် ဇု ဗမာမြို့ဝန်ရှိ့က ချွေးတပ်ဆွေးနိလိရာ ယင်းနှိုက် ၁၁၆၀-ခု တန်းဆောင်မုန်းလဆန်း ၂-ရက် အင်္ဂါနီမှာ လင်္ကျားပြန်ရွာအုပ် ဗိုလ်တိုးစံ၊ ဗိုလ်ကောစွေ၊ ဒင်္ဂါးတောင်းစား ဗိုလ်တုံးစံရွီးရို့ရေ တိုင်စေတိုက်မောင်းတီးလို့ တော်လှန်တိုက်ခိုက်ကတ်တေ။
ယင်းတောင်လှန်ရီး အင်းအားစုရေ ငရေးကောက်မှာ တပ်တေလို့ တော်လှန်ကတ်တေ။
မြို့သူကြီးဦးသံဒေ၏သား ဗိုလ်ချင်းပြန်သမက်လတ်ရုံးဗိုလ်၊ ပလက်စားဗိုလ်စံရို့လေ့ မယူကမ်းအောက်တပ်မှာ တပ်တေပြီးကေ တော်လှန်တိုက်ခိုက်လိရေ။
ရမ်းပြေ့မြို့သူကြီး ဗိုလ်စံမြမှာကား ဗမာနေချေ့ရို့က ဗိုလ်ချင်းပြန်နန့် ဆက်သွက်ကြောင်းကိုသိလားလို့ ကွပ်မျက်ခံလိရရေ။
AD-၁၈၁၁ (AC ၁၁၇၃)မှာ ဗိုလ်ချင်းပြန်ကား နတ်မြိုက်ကမ်းခြီ ဟာရဗင်းက လူစုရေခါ ၁၅၀၀ လောက်ရရေ။
မယူကမ်းအောင်ထပ်သို့ရောက်တေခါ လူ ၃ သောင်းအထိရလာရေ။
ယင်းခရိုက်နှိုက်မေလမှာ မောင်တောမြို့ကို သိမ်းပြီးကေ ရခိုင်တပြေလုံး တော်လှန်ရီးအင်အား ဖြန့်ကြက်လိုက်တေ ဇွန်လအလေးလောက်မှာ မြောက်ဦးမြို့တော်မှအမ ကျန်တပြေလုံးကို ဗိုလ်ချင်းပြန်သိမ်းထားလိုက်တေ။
ယင်းနောက်ပိုင်း ဗိုလ်ချင်းပြန်ရေ ကစ္ဆပနဒီ ကုလားတန်မြိုက် အနောက်ဖက် ယိုးငူအရပ်မှာ ဇေယျာဝတိမြို့ကို တေထောင်လိုက်တေ၊ ဗိုလ်မျက်တောင်ရှေကို “နန္ဒိသေနဗန္နုလ” သွေ့နန့် စိုက်သူကြီးခန့်လိုက်တေ။
ရခိုင်တပ်မှု၊ ဗိုလ်မှုအပေါင်းကို ရခိုင်ပြေအရပ်ရပ်မှာ တပ်ကိုယ်စီနန့် စေးအုပ်ထားစိရေ။
လက်ျားပြန်အရပ်က မလက်စား ဗိုလ်စံတပ်မှု မောင်ရွှီရို့တာဝန်ယူရေ။ ရွှိနတ်ပင်လမ်းကြောင်းက ဗိုလ်အောင်ရှိရို့ တာဝန်ယူရရေ။
လောင်းကြက်မြို့ဟောင်းက ဗိုလ်စော်ကေးတပ်မှု ဗိုလ်သောကြာ၊ ရမ်းဝမြိုက်က ဗိုလ်တိုးအောင်ကျော် မအိအရပ်က မြုံတောင်စား ဗိုလ်မှုးမောင်ညို၊ တပ်မှုးဗိုလ်ညိုရောင်ဖြူရို့ တာဝန်ယူကတ်ရရေ။
မြောက်ဦးမြို့ကို ဗိုလ်မျက်တောင်ရှေ လမုစားဗိုလ်ရွေလူရို့ ဝိုင်းဝန်ပိတ်ဆို့ထားရေ။
မာန်အောင်မြို့က လက်ရုန်းဗိုလ်၊ တိမ်ကြားဗိုလ်ရို့ ဝိုင်းဝန်ပိတ်ဆို့ထားရေ။
သံတွေးမြို့ကို မြို့သိုက်စား ဗိုလ်မောင်ဝေ ဗိုလ်ဘချိုက်ရှိရို့ ဝိုင်းဝန်းပိတ်ဆို့ထားကတ်တေ။
ယင်းအချိန်လောက်မှာ ဗိုလ်ချင်းပြန်ရေ စိုက်တကောင်းတရားသူကြီးပါးသို့ သံစာတစောင်ပို့လိုက်တေ။
ဗြိတိသျှ အရှိအိန္ဒိယကုမ္ပဏီက လက်နက်ခဲယမ်းမီးကျော်ကူညီပါက ဘဏ္ဍလက်ဆောင်ပီးပြီးကေ မိတ်အကြေးဖွေ့ကြောင်းကို ရီးသားလိုက်တေ။
ယင်းအချိန်ကပင် ယင်းပိုင်လုပ်စွာရေ ဗိုလ်ချင်းပြန်၏ နေးဗျူဟာပင်ဖြိုက်တေ။
တောင်မင်းကြီး ကျင့်သုံးခရေ နေးဗျူဟာနန့်တူရေ၊ ပက်ပင်းကာလမှာ ရခိုင်ပြေ၏ အဓိကပတိပက္ခမှာ ဗမာနေချေ့နန့် ရခိုင်တမျိုးသားလုံး ဖြိုက်နိရေ ပတိပက္ခဖြိုက်တေ။
ဗမာနေချေ့မှာ ပဒေသရိုက်နေချေ ဖြိုက်တေ ရခိုင်အမျိုးသားတရပ်လုံးကို ပဒေးသရိုက်လူတန်းစားအရ ဖိနှိပ်သတ်ဖြတ်နီရေ အမျိုးသားလက္ခဏာအရပ်ရပ်ကို ဖျက်ဆီးနိရေ။
အမျိုသားတရပ်လုံးကို မျိုးဖြုတ်နိရေ ယင်းနန့်ဇု ဒေပဋိပက္ခကို ဇေယှားတိုက်ထုတ်ဖို့တွက် ဗမာပဒေသရိုက်နေချေ့၏ ရန်ဖက်ဖြိုက်တေ ဗြိတိသျှအရှိအိန္ဒိယကုမ္ပဏီကို အရံအင်အားစုအဖြိုက် မိတ်ဖွေ့ယူမှုကို တောင်မင်းကြီးရို့ ဗိုလ်ချင်းပြန်ရို့ ကြိုးစားခစွာရေ သဘာဝကျရေ မိတ်ဖွေ့ရုံမဟုတ်ဘေး ပြေကိုထိုးအပ်ကေမှားရေ။
ယေကေဗမာပဒေသရိုက် လက်အောက်ခံဘဝက ဗြိတိသျှအရင်းသျှအရင်းသျှင် နေချေ့လက်အောက်ခံဘဝတို့ ကျွန်လက်ပြောင်းလဲလိုက်ရုံရာကျဖို။
ဗိုလ်ချင်းပြန်ရို့ ယင်းပိုင်ကမ်းလှမ်းချက်ကို ကုမ္ပဏီအစိုးရက မလှိမ့်တပတ်လုပ်ထားရေ။
တဖက်မှာ စိုက်တကောင်းတရားသူကြီး မစ္စတာပီစေးလ် (Mr. Pechak) က ဗိုလ်ချင်းပြန်ကိုဖမ်းဖို့အတွက် ဝါရမ်းထုတ်ထားရေ၊ အခြားတဖက်မှာ ဗိုလ်ချင်းပြန်၏ လှုပ်ရှားမှုကို ဒေါက်တာမတ်ရီး (Mr. Merae) ရို့ပိုင် ပုဂ္ဂိုလ်ရို့ကလေ့ မြောက်ပိုင်းရို့မှာ၊ ဥရောပတိုက်မှာ၊ အာဖရိကတိုက်တောင်းပိုင်းမှာ၊ အိန္ဒိယပြေမှာ၊ တရုပ်ပြေမှာ၊ ပြင်သိုက်၊ အရင်းသျှင်နေချေ့ရို့နန့် စိုက်ရီး၊ နိုင်ငံရီး၊ စီးပွားရီအရ ပြိုင်ဆိုင်တိုက်ခိုက်လို့ဟိနိရေ ယင်းနန့်ဇု ရခိုင်ပြေကိစ္စမြန်မာပြေကိစ္စရို့မှာ မယောင်မလေ လုပ်ထားခြင်းဖြိုက်တေ။
ယင်းအခါက ဗြိတိသျှကုမ္ပဏီရေ ဗမာပဒေသရိုက်ရို့နန့် နားလေအောင် သံတမန်အကြိမ်ကြိမ်လွှတ်ပြီးကေ မိတ်ဖွေ့ဖို့ကြိုးစားနိရေ အခြားတဖက်မှာလေ့ ဗမာနန့်တွင်းရီးမှာ ပြင်သိုက်ရို့ အပြိုင်အဆိုင်ခြီကုတ်ဖို့ကြံနိရေ ယင်းအတွက်တာနန့် ဗိုလ်ချင်းပြန်ရို့ ကမ်းလှမ်းချက်ကို မပြန်ကြားဘေးနိခကတ်တေ၊ ဗိုလ်ချင်းပြန်မှာ ယင်းနှိုက်တမိုးလုံး ရခိုင်ပြေကို ထိန်းထားနိုင်ကတ်တေ။
ဗြိတိသျှတပ် က ထွက်နိကတ်တေ အိန္ဒိယအမျိုးသား စိုက်သမားတိ မိမိတပ်တွင်းသို့ ဝင်ဖို့ဆွေးနွေးလီရေ။
လက်နက်ရိက္ခကို ခက်ခက်ခဲခဲစုလီရရေ။
မိုးကုန်ကေ ဗမာနေချေ့နန့် ရင်ဆိုင်ရဖို့ ပင်ဖြိုက်တေ။
စိုက်မှုစိုက်ရာကိစ္စရို့ကို စီးစီးစိုက်စိုက်ပြင်ဆင်ထားလီရေ။
ယေကေလေ့ လက်နက်ခေးယမ်းမီးကျောက်နန့် စိုက်ပညာဖက်မှာ ကောင်းကောင်းကြီးအားနဲနိရ၊ အချို့တပ်သားရို့မှာ ဝါးချွန်ကိုပင် လက်နက်ကိုင်ဆောင်ရရေ စိုက်ပညာလိကျင့်ရီးကိုလေ့ စိုက်ပွေးတွင်းမှာလုပ်ရရေလို့ဆိုရဖို့ပင်။
ဖာဖြိုက်လို့လေးဆိုကေ စိုက်တကောင်းနေဖက်က စေးရုံးရီးလုပ်စိုင်ကလေး ဗြိတိသျှရို့ မသိအောင်မြီအောက်စေးရုံးရီးကိုရာ လုပ်နိုင်ခရေ။
ယေပြီးကေ စိုက်ချီလာရရေ တမိုးတွင်းလုံးမှာလေ့ လိ့ကျင့်ဖိုကောင်းကောင်းမရနိုင်၊ အိုးပိုက်၊ အိမ်ပိုက် ဗြိးလွှားနိရရေ ရခိုင်လူ့အဖွေ့အစေးရေ နေချေ့ ၂ -တိုင်ကြား မှာ ရုန်းကန်နီရစွာက လွေရေအလုပ်မဟုတ်။
ဇာပင်ဖြိုက်ဖြိုက် ဗိုလ်ချင်းပြန်၏တော်လှန်ရီးရေ နေချေ့ဆန့်ကျင်ရီးအစိုက်အမှန်ပင်ဖြိုက်တေ။
၁၈၁၁-ခု၊ ဒီဇင်ဘာလကိုရောက်လတ်တေအခါ ဗမာနေချေ့ ပဒေရိုက်မောင်ဝိုင်းရေ ကြေးကြောင်း၊ ရီကြောင်းစိုက် ၂- ကြောင်းက ရခိုင်ပြတို့လွှတ်လိုက်တေ မအီချောင်းတိုက်ပွေးမှာ ရခိုင်ရို့ယှုံးနိမ့်လို့ တောင်ပိုင်းက ရီတပ်အားလုံးရေ စနေးခံတပ်နန့်စုစေးနီရရေ။
ပင်လေးကြောင်းတိုက်ပွေးမှာ ယှုံးနိမ့်ရပြန်ရေ ဘုတ်အစီး ၃၀၀ လူတသောင်းအနက် ၂၀၀ ပျက်စီးလီရရေ။
ယင်းကြောင်းဗိုလ်ချင်းပြန်ရေ တပ်အားလုံးကိုစုစေးပြီးကေ ကျိန်းကျွန်းကခုံခံပြန်ရေ။ အင်အားမမျှလို့ဇေဝတီခံတပ်မြို့တို့ ထပ်ဆင့်ဆုတ်ခွာရပြန်ရေ ၁၉၁၂-ခု၊ ဇန္နဝါရီလလောက်မှာ (၁၁၇၃-ခုပြာသိုလပြေ့ ဗဒူးနီ) ရခိုင်တပြလုံးက လူပေါင်း ၉၀၀၀၀(ကိုးသောင်း)ကို သိမ်းယူခေါ်ဆောင်ပြီးကေ စိုက်တကောင်းနေဖက်သို့ ခိုဝင်လီရရေ။
ဗမာနေချေ့ရိုကား ထက်ကြပ်လိုက်ပါလာပြီးကေ မောင်တောမြို့ခဲတပ်က ရပ်လီကတ်တေ။
ယင်းနောက် ဗမာနေချေရို့ရေ ဗြိတိသျှကုမ္ပဏီပါးသို့ သံစာကမ်းလှမ်းပြီးကေ ဗိုလ်ချင်းပြန် လက်ရုံန်းဗိုလ်နန့်တကွ ရခိုင်ပြေသူရို့ကို ပြန်တောင်းလီရေ ရခိုင်ဘုရင်အဆက်ဆက်၏ ပိုင်နက်နေမြို့ဖြိုက်တေ စိုက်တကောင်းဒဂါးရို့ကို မြန်မာမင်းဘား ပီးအပ်ရန်တောင်းလီရေ။
မပီးအပ်ကေ စိုက်ပြုဖို့လိုခြိမ်းခြောက်လီရေ။
၁၈၁၂-ခု၊ (၁၁၇၄-ခု၊ (၁၁၇၄-ခု ကဆုံလ) မှာ ဗိုလ်ချင်းပြန်၏ လက်ရွီးစင်တပ်ရေ ငကြေးတောင်ခံတပ်ကို ဝင်စီးပြီးကေ ဗမာနေချေ့တပ်မှုး ငလွန်းပြေကို ကွပ်မျက်လိုက်တေ။
ယင်းအချိန်လောက်မှာ အင်္ဂလိပ်စိုက်ဗိုလ်ကာနယ်လ်မော်ဂန် (Canal Margan) က ဗိုလ်ချင်းပြန်၏ မိသားစုနန့် လက်ရုံးဗိုလ်၊ လမုစားဗိုလ်ရွှေရို့ကို ဖမ်းဆီးပြီးကေ စိုက်တကောင်းအကျိုင်းထောင်မှာ ချုပ်ထားစီရေ။
ယင်းမှာ လက်ရုန်းဗိုလ်ကွေလွန်လီရေ။
ကျန်တော်လှန်ရီးမိသားစုကို ဒဂါးမြို့မှာ အကျေချုပ်နန့် အိမ်တဆောင်မှာ ထားလီရေ။ ဗိုလ်ချင်းပြန်ကား တော်လှန်ရီး အောင်လံကိုလွှင့်ထူမြေး လွှင့်ထူပြီးကေ မယူကမ်း မင်္ဂလာကြီးတောင်မှာ တပ်ချထားရေ။
နောက်တော် လေးမြို့စား ဗိုလ်အောင်ကျော် ဒင်္ဂါးတောင်စားဗိုလ်တုံးစံရွေ၊ ဗိုလ်စော်ကား ယောက်ဖတော် ဗိုလ်သက်နှံရို့နန့် စေးရုံးပြီးကေ ဗမာနေချေ့ကို ဆက်လက်တိုက်ခိုက်မောင်းထုတ်တေ။
မိုးစေကျွန်းတိုက်ပွေး ( ၁၁၇၄-ခု၊ ပြာသိုလ) မှာ ယှုံးနိမ့်လို့ ရှောက်ချောင်းဖျားတို့ ဆုတ်လီရရေ၊ ယင်းနှိုက် တပိုးတွေးလမှာ သရက်ချိုမြို့ကို တေလီကျင်ရေ၊ ခမီး၊ မြို၊ သက်၊ ချင်း၊ စရေ လူမျိုးစုအားလုံးကို စုစေးတပ်ဖွေးပြီးကေ သမက်တော်တိမ်ကြားဗိုလ်ကို တပ်မှုးခန့်အပ်လိုက်တေ။
ကစ္ဆပနဒီမြိုက်ညာ၊ ကူဝတိုက်ပွေး (၁၁၇၅-ခု၊ ပြာသိုလ)မှာ ယှုံးနှိမ့်လိပြန်လို့ တပ်ဆုပ်ခံရရေ။
ယင်းလမှာပင် ဗိုလ်ချင်းပြန်ရေ စိုက်တကောင်းနေသို့ ခိုးဝင်လီရရေ။
၁၈၁၃-ခု၊(၁၁၇၅-ခု တပေါင်းလ)မှာ ဗမာမြို့ဝန် နော်ရထာဆိုသူရေ ရခိုင်လူသန်လူပြန်ရို့ နန့် စိုက်တကောင်းနေမြီက ပြန်လာကတ်တေအိမ်ထောင်သေ စိုက်ပြီးရို့ကိုပါ ရိင်ကိုဓါး နန့်ခွေးပြီးကေ ကျီးစာ၊ငှက်စာ၊ ကျွေးလီရေ။
အခြားတဖက်မှာ ဗြိတိသျှကုမ္ပဏီကလေ့ ဗိုလ်ချင်းပြန်ကို ဖမ်းရကေ အိန္ဒိယရှုပီဒင်္ဂါး၅၀၀၀ သူ့လက်အောက်ခံ ဗိုလ်ကိုဖမ်းရကေ ရှုပီငွေ ၁၀၀၀ ပီးဖို့လို့ ဆုငွေထုတ်ဆင့် ကြေငြာလိုက်တေ။
အေဒီ ၁၈ ရာစုအဆုံး ၁၉ ရာစုအစ ကာလမှာ အဖရခိုင်ပြေမှာ ၃ပွင့်ဆိုင် စိုက်ပွေးခင်းကျင်းနီခရရေ ၂ ရန်ကြားမှာ ရခိုင်လူမှုအဖွေးအစေးကြား ပျိုက်နီခရရေ။
ဗမာနေချေ့ ကျူးကျော်စကာလ ရခိုင်လူ့အဖွေးအစေးကို အလှပလနိုးဆောင်နိုင်ရေ ခေါင်းဆောင်ကောင်းမပေါ်ထွန်းခ။
ယေကေလေ့ အများစုကို တန်းလွေးချောင်းက တောင်မင်းကြီးကျော်ထွီးဦးဆောင်နိုင် ခရေ။
နေချေ့မဒေသရိုက်ကို အဓိကပတိပက္ခထားပြီးကေ ဗြိတိသျှနေချေ့ကို လက်အောက်ခံ ပတိပက္ခထားလို့ အရံအင်အား အကူအင်အားဖြိုက်ထားဖို့ ကြိုးစားခ ကတ်တေ၊ ယေကေလေ့ ကိုယ်ရို့အချင်းချင်း စေးရုံးမှုအင်အားနေးပါးခလို့ တော်လှန်ရီး ယှုံးနိမ့်ခရရေ။
ငါရို့စိုက်အတွက် သင်္ခန်းစာယူစရာပင်ဖြိုက်တေ၊ ယင်းနောက် ဗိုလ်ချင်းပြန်ရေ ၃ ပွင့်ဆိုင်စိုက်ပွေးကို ဆက်လက်ဆင်နွေးရေ။
သူ့လက်အောက်မှာ စေးရုံးရီးကောင်းမွန်လာရေ။
ယေကေလေ့ လက်နက်အင်အားနန့် စိုက်ပညာအင်အား အဆမတန်နိမ့်ကျနီရေအတွက်နန့် နေချေ့ ၂ ရန်၏ဒဏ်ကြောင့် ယှုံးနိမ့်ရရေ။
ယင်း၃ ပွင့်ဆိုင်အထေးမှာ ဗြိတိသျှနေချေ့က ပရိယေအကြွေဝဆုံးဖြစ်လို့ ရခိုင်အင်အားကို ထွားထွားညက်အောင် စိုက်ကဇာတ်ပြီးကေ ထားခရေ၊ တဖက်မှာ ဗိုလ်ချင်းပြန်ကို တော်လှန်ရီးမလုပ်နိုင်အောင် အကြပ်ကိုင်ပြီးကေ ဗမာနေချေ့ကို မိတ်လိုလို ရန်လိုလို ဆက်ဆံထားရေ၊ လူမျိုးရီးစိတ်ဓါတ်ပြန်ထန်ရေ ဗမာနေချေ့ရို့ကား မွန်အမျိုးသားကို မျိုးပြုတ်အောင်သတ်ပြီးကေ မွန်ပြေကို ဗမာပြေလုပ်ပိုက်တေပိုင် ရခိုင်ပြေကို လုပ်ဖို့ ကြိုးစားလီရေ ဗြိတိသျှရို့ကား အေအကွက်ကို မြင်ပြီးသားဖြိုက်တေ ရခိုင်ပြေ မြန်မာ ပြေကို သူရို့သိမ်းပိုက်ဖို့ ကြိုးစားနီကတ်တေ။
ရခိုင်အင်အားထွားထွားပျက်လို့ နလန်မထူ နိုင်အောင်ထိ သူရို့စောင့်ကြေ့နီခရေ။
ယင်းပြီးမှရာ ရခိုင်ကို အရံအင်အားမွီးဇတ်ပြီးကေ ဗမာပြေကို သိမ်းဖို့ အားထုတ်ထားရေ။
ယင်းပိုင်အားထုတ်ကြံစီချက်ကို အင်္ဂလိပ်-မြန်မာ စိုက်ပွေး ၃ ပွေးစလုံးမှာ သက်သီအဖြိုက်တွိရရေ။
ယင်းစိုက်ပွေးတိ ဖြိုက်လတ်တေ။
ရခိုင်စိုက်တပ်ရို့(Magh Corop)ဖွေ့ပြီးကေ စေးရုံးသိမ်းသွင်းယူလားခရေ ဗြိတိသျှအရင်းသျှင်နေချေ့ရို့၏ ပရိယေကား ဖွေးမီးနန့်လေ့တူရေ။
တဖွေ့ဖွေ့လေ့လောင် ရေ။
၃ပွင့်ဆိုင်ရန် သုံးဦးမှာ အားနေးဆုံးဖြိုက်တေ ရခိုင်ကို ရခိုင်အစမြီပြင်မှာပင် ဗမာနေချေ့လက်ချက်နန့် ထွတ်ထွက်ကြီအောင် မသိမသာမဟုတ်ကေ သိသိသာသာ ကဇာတ်ထားခရေ။
ယေပြီးကေ ရခိုင်ကို အရံအင်အားလုပ်ပြီးကေ ဗမာကိုတိုက်ခိုက် သိမ်းယူရေ။
ရိုးဖြောင့်သူရေ ကောက်ကျိက်တေ အကြံသမားပါးမှာ ယာယီကျရစမြေး။ အေဒီ ၁၈၁၃-ခု၊ သရက်ချိုခံတပ်မြို့ကဆုတ်ပြီးကေ စိုက်တကောင်းတောင်ရိုးနေကို ၀င်လားခရေ။
ဗိုလ်ချင်းပြန်ရေ မြုံထောင်(Tripura State) ပြန်ရေ တောင်ရိုးတခွင်မှာ တပ်စခန်းတိဖြန့်ဆောက်ပြီးကေ ရိက္ခာလက်နက်စုဆောင်းထားလီရေ။
ဂျူလိုင်လမှာ ဟရဘင်းကိုဝင်စီးပြီးကေ မိမိ၏သမီးတော်ငေ ၂ပါးကို ယူလားခရေ မိခင် ဒဂါးမှာ အဖမ်း ခံနိန်ရရေ။
ရခိုင်အဘောင်မရို့နန့် အတူတူနီထိုင်ရေ ယင်းသမီးတော် ၂ပါးကို တော်လှန်ရီးနီမြီကပင် မိမိနန့်အတူတူနီထိုင်စီရေ။
အောက်တိုဘာလမှာ ဗိုလ်ချင်းပြန်ရေ ကုမ္ပဏီအစိုးရပါးသို့ စာရီးပြီးကေ မိမိကိုယ်မနှောင့်ယှက်ဖို့ ရခိုင်ပြေကို ရခိုင်ရအောင်ကြိုးစားအားထုတ်တေ တော်လှန်ရီးလမ်းကြောင်းကို မနှောင့်ယှက်ဖို့ အကြောင်းကြားလိုက်တေ။
ယင်းအချိန်မှာ ကုမ္ပဏီအစိုးရကို တရားသူကြီး မစ္စတာပီခေလ်က ဗမာစိုက်တပ်နန့်ပူးပေါင်းလို့ ရခိုင့်တော်လှန်ရီးကို အမြိုက်ဖြုတ်ဖို့ ကြံစီထားရေ ဗမာနန့်ဆံဆက်ရီး အဆင်မပြေရေခါ ကုမ္ပဏီစိုက်သားတချို့ကို တပ်ကထွက်ပြီးရေပိုင်လုပ်ပြီးကေ ဗိုလ်ချင်းပြန်ကို သတ်ဖို့တင်ပြလီရေ။ ယင်းတရားသူကြီးက ရခိုင်ရို့ရေ ကိုယ်ပြေကိုယ်ပြန်ရရီးမှာ ကောင်းကောင်းညီညွတ် ကတ်တေအတွက်ကြောင့် ရခိုင်ကို လုံးဝအကူအညီမပီးဖို့ စိုက်ရီးအရ အဆက်အသွယ်မလုပ်ဖို့ကိုလေ့ ထပ်မံတင်ပြထားခလီရေ။
ဗိုလ်ချင်းပြန်ကား ရခိုင်ပြေကို ရခိုင်ပြန်ရအောင် အသက်ကိုပီးဆပ်ပြီးကေ အသက်ထက်ဆုံးကြိုးစားခရေ။
မယူမြိုက်ကြောင်းက တိုက်ခိုက်လို့ မအောင်မြင်နိုင်ရေခါ ကုလားတန်မြိုက်ညှာက စုန်ဆင်းပြီးကေ မြောက်ဦးမြို့တော်ကို ပြန်သိမ်းဖို့ ကြိုးစားခရေ။
နောက်ဆုံးမှာ အေဒီ ၁၈၁၅၊ ဂျန်န၀ါရီလ ၂၅ ရက်မှာ ဓမ္မတာသဘောအတိုင်း ဗိုလ်ချင်းပြန်ကွေလွန်လီရေ။
၂၈ ရက်နိမှာ အလောင်းတော်ကို ကောင်းစွာမီးသင်းဂြိုလ်လီရေ။ ဗိုလ်ချင်းပြန်ကွေလွန်ပြီးနောက် ရခိုင်လူမှုအဖွေးအစေးမှာ တစတစအင်အားဆုတ်ယုတ်လားခရေ။
ကျန်ရေခေါင်းဆောင်တိကိုလေ့ ဗြိတိသျှနေချေ့ရို့က တယောက်ချင်းတယောက်ချင်း နှိမ်နင်းပိုက်လိုက်တေ။
နတ်မြိုက်က ထက်ခြမ်း အစိပ်ခံရရေ။
ရခိုင်ပြေမှာ ဗမာနေချေ့ရို့လက်ချက်ကြောင့် ရခိုင်သွီးပင်လေထွန်းနီခရေ။ ရခိုင်အရိုးတောင်ပိုင်ပုံနီရေ။
တပြေလုံးမှာကား မီးခိုးတလူလူ ခွီးတအူအူ မျက်ရေတသုတ်သုတ် နပ်ရေ တယှပ်ယှပ်ဖြိုက်နီခရေ။
ဇာပိုင်ပင် ဗမာနေချေ့ပဒေသရိုက် လက်အောက်မှာ ၁၁၄၆-က ၁၁၈၆-အထိ(အေဒီ ၁၇၈၄-၁၈၂၄)နှိုက်ပေါင်း ၄၀ တိတိ ကျွန်ဘ၀၏ ဒုက္ခပေါင်းကို ကျွန်ဘ၀၏ အဆုံးဝန်ဒဏ်ကို ငရဲတွင်းကျအောင် ခံစားခကတ်ရရေ။