၁၉-ရာစုအကုန် ၂၀ ရာစုအစုအပိုင်းမာ ဗြိတ်တိသျှနေချဲ့ရို့ရေ အထက်ကတင်ပြခရေအတိုင်း ဗြိတ်သျှ အိန္ဒိယကို ဖွေ့စေးပြိးကေ ကိုလိုနိအဖြိုက်ကို တဆတ်ဆတ် သွတ်သွင်းနီတုန်းဖြိုက်တေ။ ကိုလိုနိအုပ်ချုပ်ရီး ယန္တားထိရောက်အောင် ဖြိုက်ဖို့အဖြိုက်ဖို့အတွက် ကိုလိုနီပညာရီးကို ပျိုးထောင်အောင်မြင်နိတုန်းဖြိုက်တေ။ လွတ်လတ်လပ်လပ် ကူးသန်းရောင်ဝီးရီးဆိုရေ ကိုလိုနီစွားပွားရီး ကျော်ဖြိုက်ကို တဆတ်ဆတ်ချလာရေ။
ညီတူညီမျှ တရားစီရင်ရီးဆိုကေ ကိုလိုနီတရားဥပဒေ စီရင်ထုံးကို ပျိုးထောင်ပီးလာရေ။
ယင်းနန့် အဂုရခိုင်မျိုးဆက် တဆက်ပြီးတဆက် ကိုလိုနီအရိပ်အာဝါသကို ခိုလှုံလာကတ်ရရေ။
ဗမာနေချဲ့ ပဒေသရာဇ်ကြီးတိ ရက်စက်ယုက်မာမှုမျိုးစုံကို ရင်ဆိုင်ခရရေ၊ ရခိုင်လူမှုအဖွေ့အစေးအတွက် ဗြိတိသျှအရင်းစနစ်ရေ အပန်းဖြေစခန်း ဖြိုက်ခစွာကို ဆန်းရေလို့ဆိုဖို့မဟုတ်။
ယင်းကာလမာ ရခိုင်ပြေမာ စီးပွားရီးဗဟိုပြုရာ သီးခြားမြို့တော်မဟိခြင်း။
လမ်းပန်းဆက်သွယ်ရီး ညံ့ဖျင်းခြင်း၊ ဂိုဏ်ဂဏစိတ်၊ ဒေသခွဲစိတ်လွှမ်းမိုးနိခြင်း၊ ဗမာနေချဲ့ရို့၏ဒဏ်ကြောင်း နလံမထူနိုင်သခြင်း၊ ဗြိတ်သျှရို့ခွဲခြားရီစန် နှောင့်ယှက်ခြင်းရို့ကြောင့် အရင်းသျှကိုလိုနဘဝမာ ရခိုင်အမျိုးသားတရပ်လုံး ကောင်းကောင်းကြီးကြာအောင် အိပ်မောကျနိခရရေ။
ယင်းအချိန်မျိုးမှာ အိန္ဒိယမာ အမျိုးသားစေးရုံးရီးလုပ်ငန် (ဝါ) ဝံသာနုလုပ်ငန်း အဟိန်ကောင်းနီတုန်းဖြိုက်တေ။
ယင်းအချိန်လောက်မာ ဗမာပညာတတ်လောကကို အိန္ဒိယလှုပ်ရှားရီး ဂယက်ရိုက်လာရေ။
ဥရောပတိုက်သား ဗုဒ္ဓဘာသာဝင်၊ အသောကဘိက္ခုအသောကအသင်းရို့ အကြောင်းပြုလို့ ၁၉၀၆-ခုမာ Y.M.B.A ကိုရန်ကုန်မာဖွေ့စေးလို့နိရ။
ယင်းအဖွေ့အစေးမာ ရန်ကုန်ရောက် ရခိုင်ပညာတတ်ရို့ပါဝင်ပြီးကေ ခေါင်းဆောင်လာကတ်တေ။
ဦးဖေအောင်၊ ဒေါက်တာရွှေစံအောင်၊ ဆာရ်ပေါ်ထွန်း၊ ဦးစိန်လှအောင်ရို့ ပါဝင်ခကတ်တေ။
၁၉၁၉-ခုလောက်မာ အသျှင်ဥတ္တမထေရ်ရေ ကမ္ဘာအရပ်ရပ်ကို လှည့်လေပြီးကေ ရန်ကုန်ကိုရောက်လာရေ။
အမျိုးသားရီးတရားရို့ကို ရေးရေးတောက်ဟောကြားလာရေ။
အမျိုးသားသာသနာဆိုရေ အချက်ကြိးသုံးချက်ကို ကြွေးကြော်လာကတ်တေ။
ဒေကာလမာ ဆရာနော်နန့် အဆိုပါရခိုင့်အမျိုးသားကြီးရေ ရခိုင်လူမှုအဖွေ့အစေကြီးကို သာမညအဆင့်မှာထားပြီးကေ အလုပ်လုပ်ဆောင်ခကတ်တေ။
ရခိုင်အမျိုးသား တော်လှန်ရီးလမ်းကြောင်းကို ဥပေက္ခာပြုကတ်တေ။ ဗမာပြေလွတ်လပ်ရီးကို အဓိကထားလို့လုပ်ဆောင်ခကတ်တေ။
၁၉၂၀-ခုမာ Y.M.B.A ကို G.C.B.A မြန်မာ့အသင်းချုပ်ကြီးအဖြိုက် ပြောင်းလဲထူထောင်လိုက်ကတ်တေ။
ဒေအခါမာလေ့ ရခိုင်အမျိုးသားပညာတတ် အများအပြား ပါဝါဦးဆောင်ခကတ်တေ။
၁၉၂၀-ခုရန်ကုန် ကောလိပ်သပိတ်ပွေးမာဖြိုက်ဖြိုက်၊ အမျိုးသားကျောင်းလုပ်ငန်း၊ အမျိုးသားကောလိပ် လုပ်ငန်းရို့မာဖြိုက်ဖြိုက် ယင်းပညာတတ် ပုဂ္ဂိုလ်ကြီးများမာ ရခိုင်ပြဿနာကို လက်အောင်ခံပြဿနာအဖြိုက် ထားခကတ်တေ။
ရခိုင်အမျိုးသား တော်လှန်ရီးလမ်းကြောင့်ကို ဥပေက္ခပြုခကတ်တေ။
ရခိုင်ပြေဘက်မာကား ရခိုင်ပညာတတ်များက လူမှုရီး၊ ပညာရီးများမာ သင့်အောင်ချေ လှုရှားခကတ်တေ။ အစိုးရ၏ မြူနီစပါယ်လုပ်ငန်းမာ ဝင်ရောက်အရွီးခံခကတ်တေ။ အမျိုးသားကျောင်းလုပ်ငန်းကို ရန်ကုန်က ဂယက်ရိုက်ခတ်တေအတိုင်း လုပ်ဆောင်ခကတ်တေ။
ယင်းအပြင် ဖော်ပြရေအတိုင်း ရခိုင်တိုင်းအသင်း လူငေရို့နိုးကြားရီးအသင်း၊ ရခိုင်တိုင်းဆိုင်ရာ ကြီးပွားရီးအဖွေ့ချုပ် တိုင်းရင်းသားအစေးအရုံးရို့ ပေါ်ပေါက်လာပြီးကေ လှုပ်ရှားလာကတ်တေ။
အသင်းအဖွေ့ရို၏ မဟာဗျူဟာကို ယင်းအသင်းအဖွေ့ရို့၏ နာမေကို ကြည်လို့သိနိုင်ရေ။
အသင်းအဖွေ့တခု၏ နာမေရေ ယင်းအသင်း၏ မဟာဗျဟာကို ဖော်ညွန်းပြရေ။
ရခိုင်ပြေအစား ရခိုင်တိုင်းလို့သုံးထားစွာကို ကြည့်ကတေးကပင် ရခိုင်ပြေကို ဗမာပြေ၏စိတ်အပိုင်းအဖြိုက် ခံယူလားခယာဖြိုက်တေဆိုစွာကို သိနိုင်ရေ၊ ယင်းအသင်းအဖွေ့ရို့၏ စိတ်မာဇာဟိခရေဆိုစွာထက် ယင်းရို့ဇာ ပြောခရေဆိုစွာထက် ဇာလုပ်ခလေးဆိုစွာက ပိုလို့အရီးကြီးရေ။
ယင်းအသင်းအဖွေ့ရို၏ ရခိုင်ပြေအပေါ်မာ ခံယူချက်ကိုကြည့်လိုက်ကေ ယင်းရို့၏မဟာဗျူဟာ၊ နေးဗျူဟာရို့ရေ ရောထွီးနိယာဆိုစွာကို သိနိုင်ရေ။
ယကေလေ့ ယင်းပုဂ္ဂိုလ်ရို့ရေ ရခိုင်မျိုးချိုက်၊ ပြေချိုက်စိတ်ကို မွေးမြူခကတ်တေ။
ရခိုင်ကိုမြင့်တင်ဖို့ ကြိုးစားခကတ်တေ ဆိုစွာကို မှတ်တမ်းရွီးထိုးထားရဖို့ပင်ဖြိုက်တေ။
ယင်းပုဂ္ဂိုလ်ရို့ကြောင့်လေ့ အရအခြေအနေထိ အဆင့်ဆင့် တိုးတက်ပြောင်းလဲလာစွာဖြိုက်တေ။
၁၉၂၃-ခု၊ ဇွန်နဝါရီလမာ အိန္ဒိယအစိုးရ ဂေဇတ်အမိန့် အမှတ် ၁၁၉၂ အရ ဗမာပြေကို ဘုရင်ခံအုပ်ချုပ်တေ ပြေနေအဖြိုက်က တေထောင်လိုက်ကြောင်း ကြော်ငြာလိုက်တေ။
ယင်းပြီးကေ ဒိုင်အာခီ (The Dyarchy System) ကို ပီးအပ်လိုက်တေ။ ယင်းစနစ်ကြောင်း ဗမာပြေမာ ပါတီနိုင်ငံရီးပေါ်ပေါက်လာရေ G.C.B.A အခြမ်းပြိုကွဲလားခရေ။
(၁) ဦးသျှစ်လှိုင် G.C.B.A နန့်
(၂) ဦးစိုးသိန်း G.C.B.A
(၃) ဦးစွ G.C.B.A
(၄) ၂၁ ဦးပါတီ
(၅) ဟုမ္မရုပါတီ၊
(၆) ပြေသူ့ပါတီ၊
(၇) သရစပါတီအများပေါ်ထွက်လာရေ။
ယင်းပိုင် ဗမာ့နိုင်ငံရီးလောကမာ ဆရာပေါ်ထွန်း၊ ဆာရ်ထွန်းအောင်ကျော်၊ ရမ်းဗြဲဦးမောင်မောင် စရေ ရခိုင့်ပညာတတ်များ နိုင်ငံရီးသံသရာ ဝေ့လှဲ့နီခကတ်တေ။ ရခိုင်ရို့ ဒိုင်အာခီအုပ်ချုပ်ရီးအဖွေ့မာ အာဏာရဖို့ကြိုးစားနီတုန်း ရခိုင့်အမျိုးသားရီးလမ်းကြောင်း ပျောက်ကွယ်စွာထက် ပျောက်လားခယာဖြိုက်တေ။
စိုက်တွေကတချို့ ဘင်္ဂလားပြန်၊ ဘိလပ်ပြန်ရို့မာကား အမျိုးသားရီးကို ဓညဝတီကလပ်၊ ဆန်းဒေးကလပ်၊ မြို့မကလပ်ရို့လောက်ပင် စိတ်မဝင်စားခကတ်။
ဗမာပြေကအမိန့်ချပြီးကေ ပွေးတခြိမ့်ခြိမ့်စဲနီကတ်တုန်းဖြိုက်တေ။
၁၉၁၇-ခု မွန်တဂူ (Sir E.S.Montagu)၏ အစီရင်ခံစာအရ ဖြိုက်ဖြိုက် ၁၉၂၇ ခု ဆိုင်မွန် (Sir Johnsimon) ၏ အစီအရင်ခံစာအရဖြိုက်ဖြိုက်၊ ဗမာပြေကို အိန္ဒိယအခွဲထုတ်ဖို့ကို လန်ဒန်အစိုးရက သဘောပေါက်ပြီးဖြိုက်တေ။
ယကေ့လေ့ ဗမာပြေမာ ခွဲရီး၊ တွေးရေးပြဿနာပေါ်ပေါက်ခရေ။
လှိုင်၊ မြတ်၊ ပေါ်အဖွေ့(ဦးချိုက်လှိုင်၊ ဦးမြတ်သာဒွန်း၊ ဆာရ်ပေါ်ထွန်း) မော်၊ မြှင့်၊ ပြေ့ အဖွေ့ (ဒေါက်တာဘမော်၊ ကျော်မြင့်၊ ရမ်းဗြဲဦးမောင်မောင်) ပြေ့သူပါတီ၊ ရွှေတောင်ကြားပါတီဆိုပြီးကေ ခွဲဖို့တွေးဖို့စကားတိ အပြိုင်အဆိုင်ဟောနီခကတ်တေ။
ဆရာတော်ဦးဥတ္တမထေရ်မာ ဒေခွဲရီး၊ တွေးရီးပြဿနာကြောင့် အမျိုးမျိုးခုက္ခရောက်တော်မူခရေ။
ဒေပြဿနာမှာလေ့ ရခိုင်ရဟန်းနော်ရို့ ရခိုင်ပညာတတ်ရို့ ကောင်းကောင်း တက်တက်ကြွကြွပါဝင်ခကတ်တေ။
ရခိုင်ပြေကို ဇာနန့်ခွဲစိတ်ထားလေးဆိုစွာကို ဂရုပြုခကတ်ပုံမပေါက်။ ရခိုင်ပြဿနာကို သာမာန်လက်အောက်ခံပြဿနာအဖြိုက်ထားခကတ်တေ။ ယင်းပြဿနာကြောင့် ဗမာပြေအတွက် စားပွေးဝိုင်းဆွေးနွေးပွေး (Round Cable Conference) ကို ၁၉၃၁-နိုဝင်ဘာလ ၂၅ ရက်နိမှာ လန်ဒန်မြို့ အထက်လွတ်တော်မှာကျင်းပလီရေ။
ယင်းဆွေးနွေးပွေးမာ ဗမာခေါင်းဆောင်ရို့နန့်တကွ ဦးထွန်းအောင်ကျော်၊ ဒေါ်မြစိန်၊ စရေ ရခိုင်အမျိုးသား၊ အမျိုးသမီးရို့တက်ရောက်ခရေ။
၁၉၃၅-ခု ဗမာပြေအုပ်ချုပ်ရီး အက်ဥပဒေအရ ၁၉၃၇-ခုမာ ဗမာပြေရေ အိန္ဒိယအုပ်ချုပ်ရီးစနစ်က ခွဲထွက်ပြီးကေ သီးခြားအဖြိုက် ဗြိတိသျှအင်ပါယာအတွင်းမာ ပေါ်ပေါက်လာရေ။
ရခိုင်ပြေမာကား
အထက်ကတင်ပြခရေအတိုင်းပင် အစိပ်စိပ်ကွဲလို့ပင် ဟိနိတုန်းဖြိုက်တေ။
ဗမာပြေမာ ထင်ရှားနီကတ်တေ ဇာကောင်းဆောင်ကလေ့ အကွဲကွဲအပြားပြား ရောက်နီကတ်ရရေ။
အမျိုးသားတိကိုစုစေးဖို့ အခြမ်းခြမ်းကွဲနီရေ ရခိုင်ဒေသကိုပြန်လေစုစေးဖိုမကြိုးစားခကတ်။
ကိုယ်ပြေပြဿနာကို လက်အောက်ခံ သာမညချည်းထားခကတ်တေ။ မဟုတ်မေ။
ဂိုဏ်းစွေး၊ ပါတီစွေး၊ ဒေသစွေးကို အဓိကထားကတ်တေ။
မဟုတ်ကေ ကိုယ်ကြိုက်စွာကို လှုပ်ရှားနီခကတ်တေ။
ယင်းကြောင့် ငါရို့ခေတ်မှာ အမျိုးသားဇာတ်နိမ့် (Degeneration) ဖြိုက်နီရရေ။ ပြောင်းရွှိနီရေအမျိုးသား (ဝါ) ရွှင့်ကျာလူမျိုး (Migrating Nation) ဖြိုက်နိရရေ။
ခွေးရီး၊ တွေးရီးပြဿနာ ဂယက်ထနီတုန်းကာလ ၁၉၃၃-ခုလောက်မာ “ဗမာပြေသည် ဒို့ပြေ၊ ဗမာစကားသည် ဒို့စကား၊ ဗမာစာသည်ဒို့စာ၊ ဒို့ပြေကိုချိုက်ပါ၊ ဒို့စာကိုချီးမြင့်ပါ၊ ဒို့စကားကိုလေးစားပါ၊” ဆိုရေ ကြွေးကြော်သံနန့် အတူဗမာ့မျိုးချိုက် ပြေချိုက်လူငေများ၏ “ဗမာ့အစေးအရုံး” ရေ ရေးရေးတောက်တောက်၊ ထွန်းထွန်းပြောင်ပြောင်၊ပေါ်ထွက်လာရေ။
အေအဖွေ့ဝင်လူငေရို့ရေ “သခင်” ဆိုရေဘွဲ့ကို နာမည်ရှိမာတတ်လာကတ်တေ။
ဒို့ဗမာအစေးအရုံးရေ၊ တိုးတက်တေ၊ လှုပ်ရှားရေ၊ နိုင်ငံနန့် အမျိုးသားအတွက် ဘဝကိုအပ်လိုက်လို့ ကြိုက်းပမ်းခကတ်တေ။
ဒေအဖွေ့ဝင်လူငေရို့ကား ပညာတတ်လူငေတိပင်ဖြိုက်ကတ်တေ။ ဒေအဖွေ့အစေး၏သြဇာရေ ရခိုင်လူငေပညာတတ်ရိုအပေါ်မာ အထူးညောင်းခရေ။
ဘိလပ်ပြည်ရခိုင်၊ ဘင်္ဂလားပြန်ရခိုင်ရို့ရေ အင်္ဂလိပ်ဆန်ကတ်ရေပိုင် ဒေခေတ် ရန်ကုန်ပြန်ရခိုင်ရို့လေ ဗမာဆန်တက်တေ။
ယေတောင်မက အချို့ရန်ကုန်ကျောင်းသား ရခိုင်သူ ငေရို့မာ ဒို့ဗမာအစေးအရုံးဝင် သခင်တိဖြိုက်လောကတ်တေ။ ဒေကာလထိရခိုင်လူ့အဖွေ့အစေးမှာ နောက်လိုက်ဝါဒရေ တိုက်ရိုက်ဖြိုက်ဖြိုက်၊ .သွယ်ဝှိက်လို့ဖြိုက်ဖြိုက် ဆွေးမြေးနိယာဖြိုက်တေ။
၁၉၃၉- ခု ဒုတိယ တက္ကသိုလ်ကျောင်းသား သပိတ်မှောက်တေအခါ ရခိုင်ကျောင်းသားရို့အထေးက အကိုညိုထွန်း၊ အကိုကျော်ရင်၊ အကိုဘစံရို့ရေ ထင်ရှားလာရေ။
“ကျွန်ပညာအလိုမဟိ” လို့ ကြွေးကြော်လာကတ်တေ။ ဒေရခိုင်ကျောင်းသားရို့ကား ရခိုင်ပြေသို့ ပြန်လာကတ်တေအခါမှာ ရခိုင်ပြေမှာ လှုပ်ရှားမှုအချို့ကို လုပ်ဆောင်ခကတ်တေ။
ယင်းကာလမာ “၉၁ ဌာနအုပ်ချုပ်ရီး” စနစ်သစ်အုပ်ချုပ်ရီး ပေါ်ပေါက်လာရေ။
ယင်းအုပ်ချုပ်ရီးနိဒါန်းအစမာ ရွေးကော်ကပွေးကျင်းပရေအခါမှာ ဗမာနိုင်ငံရီးပါတီတိ မဲဖြိုက်ကတ်ရရေ။
ယင်းအခါ “ငါးပွင့်ဆိုင်ပါတိ” အတွက် ဆရာတော်အသျှင် ဥတ္တမ မထေရ် ပါဝင်ကူညီခကတ်လို့ အကြီးအကျယ် ပုတ်ခတ်ခံရတော်မူရေ။
ရွေးကောက်ပွေးအပြီးမာ ဒေါက်တာဘမော်၏ ညွန့်ပေါင်းအစိုးရဖွေ့ရေ ယင်းအစိုးရအဖွေ့မာ ဆရာပေါ်ထွန်း၊ ဆရာထွန်းအောင်ကျော်ရို့ ပါဝင်ခကတ်တေ။
ဂုပိုင် ဗမာနိုင်ငံရီး ဗြိတိသျှအရင်းသျှင်းရို့၏ လှည့်ကွက်အတိုင်း ရီဝဲထိုးနိခရရေ။
ဗမာခေါင်းဆောင်အများစုမာ ဗမာပြေ၊ ဗမာအမျိုးသားအတွက် မေမေရရ၊ ထိထိရောက်ရောက် မစွန်းဆောင်နိုင်ဘဲ နိုင်ငံရီးအပီးအယူလုပ်ရင်း အချိန်ဖြုန်းနီခကတ်ရရေ။
ယင်းပိုင်ရီစုံမျောစွာမာ ရခိုင်ခေါင်းဆောင်အများပြားလေ့ ဝင်မွှီနိခကတ်တေ။
ဗမာခေါင်းဆောင်ရို့ကား ဗမာ့လွတ်လပ်ရီးလမ်းကြောင်းကို မျိုးဆက်တဆက်ပြီးတဆက် အတွိ့အကြုံ၊ အတွေးအခေါ်တိကိုသုံးသပ်ပြီးကေ ရှာဖွေနိကတ်စွာဖြိုက်တေ။ ရခိုင်ခေါင်းဆောင်တိကား၊ ဘဇော်ပါလဲ။
ထိုရခိုင်ခေါင်းဆောင်ရို့၏ လှုပ်ရှားခရေသမိုင်းကြောင်းကို ဆန်းစိုက်ကြေကေ ရခိုင်လွတ်လပ်ရီးလမ်းကြောင်းကို ရှာနိခကတ်တေလို့ပြောဖို့ မလွယ်စွာကိုတွိ့ရရေ။
ရခိုင်ပြဿနာကို လက်အောက်ခံထားခြင်းကို ပါတီဂိုဏ်းဂန အာဏာရရီးကိုရာ ဦးစားပီးခကတ်စွာကိုရာတွိ့ရရေ။
ပါတိနိုင်ငံရီးရို့ ယင်းခေတ်က ရီစုံမျောခရရေအကြောင်းကို ဒေါက်တာဘမော်ကိုတိုင် သူ၏ (Burma at the beginning of the Second World War) အတန်းမာ ဝန်ခံထားစွာကို ဖတ်ရှနိုင်ရေ။
၁၉၃၈-၃၉-လောက်မာ ဒို့ဗမာအစေးအရုံးဝင် သခင်မျိုးချိုက် ဗမာလူငေရို့ရေ ဗမာလွတ်လပ်ရီးအတွက် အထူးကြိုးပမ်းလာကတ်တေ။
အခတ်အခဲ့မျိုးစုံကို ရင်ဆိုင်လာကတ်တေ။
တက္ကသိုလ်ကျောင်း သားဗမားမျိုးချိုက်ရို့ရေ အငတ်ငတ် အပြတ်ပြတ်ခံဗျာယ်။
နိုင်ငံရီးကို ကြိုးစားလာကတ်တေ။
ဘုံစနစ်ကိုတေဆောက်ဖို့အတွက် နိုင်ငံလွတ်လပ်ရီးကို ပထမကြိုးစားရဖို့စွာကို မြင်လာကတ်တေ။
ဗမာ့အမျိုးသားတော်လှန်ရီး သမိုင်းကြောင်းကို ရေးရေးရင့်ရင့်၊ တောက်တောက်ထွန်းထွန်း ဖော်ဆောင်နိုင်အောင် သက်စွန့်ကြိုးပန်းလာကတ်တေ။
နိုင်ငံခြားစိုက်ကူရှာဖွေလာကတ်တေ။
ယိုးဒယား၊ တရုတ်၊ ဂျပန်ကိုဖြိုက်စီ၊ အိန္ဒိယကိုဖြိုက်စီ ထွက်လာပြီးကေ စွန့်စွန့်စားစား အတူအညီရှာလာကတ်တေ။
ယင်းအချိန်လောက်မာ ဘစိန်၊ ထွန်းအုပ် ဒို့ဗမာ အစေးအရုံးနန့် သခင်ကိုယ်တော်မှိုင်း၏ ဒို့ဗမာအစေးအရုံးသို့ နှစ်ခြမ်းကွဲနီရေ။
ဂုပိုင်ကွဲနီရေအခါမှာလေ့ ရခိုင်လူငေတိ ဂိုဏ်းဖက်လိုက်လို့ ပါဝင်ခကတ်တေ။
၁၉၃၉-ခုမာ အမျိုးသားတပ်ပေါင်းစု သဘောဝင်လာရေ။
“ဗမာထွက်ရပ်ဂိုဏ်” ကို ဒေါက်တာဘမော်နှင့် သခင်အောင်ဆန်းရို့ဦးစီးပြီးကေ ထူထောင်ခကတ်တေ။
ယင်းနောက်ပိုင်းမာ ဒို့ဗမာအစေးအရုံး နှစ်ခြမ်းကွဲကာ သခင်လူငေများရို့ရေ ကိုယ်နေးကိုယ့်ဟန်နှင့် အဆက်ရှာယင်း ဂျပန်ထိရောက်လားခကတ်တေ။
နှစ်ခြမ်းလုံးက ဗမာလူငေသုံးကျိပ်ရေ ပီနန်ကွန်းမာ ဆုံးစေးလီကတ်တေ။
ရေးဘော်သုံးကျိပ်လို့ နောက်တွင်လီရေ။
၁၉၃၉- က ၁၉၄၅-ခု အတွင်းဒုတိယကမ္ဘာ့စိုက်ကြီးဖြိုက်ပွားနီရေ။
နာဇီ၊ ဂျာမဏီဖက်ဆစ်၊ အီတလီဖက်ဆစ် ဂျပန်ရို့ပါဝင်ရေ။
ကွန်မြူနစ်ဆန့်ကျင်ရီး မဟာမိတ်အဖွေ့နန့် ဗြိတိသျှ၊ အမေရိကန်၊ ပြင်သစ်၊ ဆိုဗိယက်ပါဝင်ရေ။
မဟာမိတ်အဖွေ့ရို့ တိုက်ပွေးပေါင်းမြောက်မားစွာကို တိုက်ခိုက်လို့ဟိကတ်တေ။ “ကမ္ဘာလုံး၏ ပြေသူ့စိုက် မဟာဗျူဟာရေ ဖက်ဆစ်နိုင်ငံတိကို တိုက်ခိုက်ရဖို့ဖြိုက်တေ။”
လို့ ဆိုဗီယက်ရုရှားက ကြေငြာလိုက်တေ။
ယင်းကြောင့် ကမ္ဘာ့လက်ဝဲအင်အားစုအားလုံးလေ့ ဖက်ဆစ်နစ်ကို ပြင်းပြင်းထန်ထန် ဆန့်ကျင်တိုက်ခိုက်လို့ ဟိနိလိရေ။
ဖက်ဆိတ်ဂျပန်ရေ ၁၉၄၁-ခု ဒီဇင်ဘာလ ၂၆ ရက်မာ ရေးဘော်သုံးကျိပ်ရို့ရေ ယိုးဒယားမာ သွီးသိုက်စာရေသောက်ကတ်ပြီးကေ ဗိုလ်ဘွဲ့ခံလို့ “ ဗမာပြေ လွတ်လပ်ရီးတပ်မတော်” (Burma Indenpendance Army) B.I.A ကို ဖွေ့စေးလိုက်ကတ်တေ။
ကောင်းမကြာခင် ဗမာပြေသို့ဝင်ရောက်လာကတ်တေ။
ယင်းစပ်ကြားကာလ အစပိုင်းမာ ဗမာပြေကို အိန္ဒိယစိုက်သေနာပတိက ထိန်းသိမ်းထားရရေ။
နောက်ပိုင်း အခြေအနေဆိုးလက်တေအခါမှာ ဘုရင်ခံဆောရ်ဒေါ်မန်စမိသ် (Smith Sir Reginald Dorman) နန်းရင်းဝန် ဆောရ်ပေါ်ထွန်းနန့် အစိုးရအဖွေ့လုံး အိန္ဒိယနိုင်ငံ ဆိပ်မလာ (Simlar) မြို့သို့ပြောင်းရွှိလားခကတ်တေ။
ဂျပန်နံပါတ် ၁၅ တပ်မတော်က ဗမာပြေတိုက်ပွေးကို တာဝန်ယူရရေ။ ယင်းတပ်ကို ဆိုင်ဂုံး (Saigon) မြို့ဟိ ဂျပန်စိုက်ဌာနချုပ်က တာဝန်ယူကွက်ကဲရရေ။
ယင်းတပ်မှာ ၃၃ တပ်မနန့် အမှတ် ၅၅ တပ်မ (33rd Division of 55th Division) ရို့ပါဝင်ရေ ယင်းတပ်က ရန်ကုန်မာအခြေစိုက်ပြီးကေ ၁၉၄၂-ခု မတ်လ ၁၅ ရက်မာ ဂျပန်စိုက်အုပ်ချုပ်ရီးကို ခတင်ရေ B.I.A ဗမာ ၁၅ နံပါတ် လက်အောက်သို့ ရောက်လားခရေ။
အေနီရာမှာ ရေးဘော်သုံးကျိပ်ရို့အဖြိုက်နန့် ဓါးပိုင်ကြီးကျော်ပုံ၊ ဒေဝန်မင်းကြီးအောင်ကျော်ရွှီ၊ မြို့သူကြီးအောင် ကျော်ဇံအဖြိုက်ရေ ခပ်ဆင်ဆင်တူနီရေ။
၂၀ ရာစုမာ ဖက်ဆိတ်ဂျပန်နေချဲ့ရို့၏ လှည့်ကွက်မာ ရေးဘော်သုံးကျိပ်ခံရရေပိုင် ၁၉ ရာစုက ဗြိတိသျှင်ရို့၏ လှည့်ကွက်မာ ဒါးပိုင်ကြီးရို့ခံတက်ရရေ။
အနိုင်နိုင်ငံသမိုင်းမာလေ့ ဂုပိုင်အကွက်မျိုးကိုတွိ့ရရေ။
နေချဲ့ဆိုသမျှ၊ လူမျိုးကြီးဝါဒသမားဆိုသမျှကား တပါးလူကိုကျွန်ပြုဖို့ကြိုးစားမြဲဖြိုက်စွာကို ကြပ်ကြပ်၊ သတိထားရဖို့စါာပင်ဖြိုက်တေ။ B.I.A ကိုလေ့ ဂျပန်ဧကရာဇ်အမိန့်အရ ဂျပန်စိုက်ဗိုလ် အီးဒါး (General Shajiro Sida) က “ဗမာ့ကာကွယ်ရီးတပ်မတော် (Burma Defence Army BDA) အဖြိုက် ပြောင်းလဲဖွေ့စေးလိုက်တေ။ B.I.A ကိုမဖျက်ခင် B.I.A တပ်တတပ်ကို ဗိုလ်ရန်အောင် ဦးစီးပြီးကေ ဂျပန်တပ်နန့်အတူ ရခိုင်ပြေသို့ဝင်လာလတ်တေ။
ဗာမာ၊ ဂျပန်ရို့နန့် ရခိုင်တိုင်လုံးဆိုင်ရာ တိုင်းရင်းသားအစေးအရုံးနန့် ဆက်သွယ်မိကတ်တေ။
ရခိုင်ခေါင်းဆောင်ရို့ဖြိုက်ကတ်တေ ဆရာတော်အသျှင် ဦးစိန္ဒာထေရ်၊ အသျှင်ပညာသီဟထေရ်၊ အသျှင်ကေသရာ ဓိပတိထေရ်၊ ဦးသာစံလှ၊ ဦးအောင်ထွန်းဦး၊ ဦးအောင်ထွန်းမြ၊ ဦးအောင်သာဦး၊ အကိုဘစံ၊ အကိုကျော်မြ၊ အကိုညိုထွန်း၊ အကိုမောင်ထွန်းဝင်း၊ အကိုမောင်နီ၊ အကိုဗုံပေါက်သာကျော်ရို့နန့် ဆက်သွယ်မိကတ်တေ။ အဆိုပါပုဂ္ဂိုလ်ရို့အနက် အင်္ဂလိပ်အမှုထမ်းအချို့ရို့ ဂျပန်ပီးရေ အစိုးရအမှုထမ်း အရာဟိအဖြိုက် လုပ်ဆောင်ကတ်တေ။ ငြိမ်ဝပ်ပီးပြားရီးကို ဆောင်ရွက်ကတ်တေ။
ခရိုင်ဝန်၊ နေပိုင်၊ မြို့ပိုင်၊ တရားသူကြိး၊ အသီးသီးဖြိုက်လာကတ်တေ။
၁၉၄၂-ခု ဂျူလှိုင်လလောက်မာ ဗိုလ်ရန်အောင်တပ်ရင်း ရန်ကုန်သို့ပြန်လီရေ။
၁၉၄၂-ခုမာ ဘူးသီးတောင်၊ မောင်တောဒေသမာ ရခိုင်၊ ကုလားအဓိကရုန်းကို ဗိုလ်ရန်အောင်ဖန်တီးခရေ။
ရခိုင်ခုက္ခသည် ၁၇၆၀ ကိုတင်ထားရေ သင်္ဘောရေ ဘူးသီးတောင်ဆိပ်ကမ်းက ဂိုက် ၅၀ အကွာမာမြုပ်လို့ လူသုံးရာကျော် သီခရရေ။
ကုလားရန်ကိုကြောင်လို့ပြိးရာမာ အောက်သားစိုက်ဗိုလ်လက်ချက်နန့် သီးဆုံးခရရေ။
အေလူမျိုးရိးအဓိကရုန်းမာ ကုလား၊ ရခိုင် စုစုပေါင်း ၇၅၀၀ ကျော်သိဆုံးခရရေ။